နယ်ရုံးများ၏သတင်းများ

Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၂၀၂၀ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲတွင် အများပြည်သူများ အလွယ်တကူ ဆန္ဒမဲပေးနိုင်ရေး မြေညီထပ်တွင် မဲရုံများဖွင့် လှစ်ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့်နေရာများသို့ ယနေ့နံနက် (၁၁)နာရီခွဲ အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 10,2020
ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ်၊ လင်း/လွန်း (တောင်)ရပ်ကွက်၊ Community Centre တွင် we love Yangon နှင့် we love Sanchaung ပရဟိတလူငယ်များအဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံအဆင့်မူလတန်းကျောင်းများမှ နွမ်းပါးကလေးများအား ဩဂုတ်လ ၁၀၊ နံနက်(၁ဝး၃၀)အချိန်က အခြေခံစား သောက်ကုန်များကိုလှူဒါန်းခဲ့သည်။
Aug 10,2020
လူကုန်ကူးမှုသည် လက်ရှိအချိန်တွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု ပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုတစ်ခု ဖြစ်သည့်အတွက် လူကုန်ကူးမှုသည် လက်ရှိအချိန်တွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု ပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုတစ်ခု ဖြစ်သည့်အတွက် ပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ဝိုင်းဝန်းပူးပေါင်းကာကွယ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီ ယူကြစို့ ” အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။
Aug 10,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း
Aug 10,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှု ရာခိုင်နှုန်းမှာ ၁၉.၅၁ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
Aug 10,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အမှတ်(၁၂) စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကိရိယာအရောင်းခန်းမ၌ သြဂုတ်လ ၁၀ရက် နံနက် ၉ နာရီခွဲအချိန်က လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Aug 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Aug 10,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။