နယ်ရုံးများ၏သတင်းများ

Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့မှစ၍ ဖြစ်ပွါးခဲ့သည့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ဂေါ်ဒူကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စေတီကုန်းကျေးရွာတွင် ဝဥလုပ်ငန်းကို မိသားစု စားဝတ်နေရေး အဆင်ပြေရန် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်သူများအနေဖြင့် ယခင်နှစ်ထက် ဝဥဈေးကောင်းရရှိပြီး မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း ဝဥလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်​နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
Aug 06,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေး ရွာအုပ်စုများ၌ (ပထမအကြိမ်)မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှစတင်ကပ်ထားကြေညာထားရှိပြီး ယမန်နေ့ နံနက် ‌၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 06,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​​​ထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်မြို့နယ်တွင် ပထမအကြိမ် အဖြစ် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် မဲစာရင်းများကို ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သြဂုတ်လ ၇ ရက်​နေ့အထိ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်​ရေး ရုံးများတွင် ကပ်ထားရာ လာ​ရောက်ကြည့်ရှုသူများရှိသည်။
Aug 06,2020
လမ်းမတော်မြို့နယ် UMFCCI  တွင် တရုတ်နှင့်အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင် ရွက်မှုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကုန် သွယ်မှု ဖလှယ်ရန်ရည်ရွယ်၍ China (Shaanixi) - ASEAN ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ၂၀၂၀ ခုနှစ်၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ (Village Revolving Fund Project-VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။