နယ်ရုံးများ၏သတင်းများ

Nov 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဒေသအကျိုးပြုဓာတ်ပုံဆရာများပေါ်ထွန်းလာစေရန်နှင့် ဓာတ်ပုံဝါသနာရှင်များဓာတ်ပုံပညာကို စနစ်တကျလေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Nov 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club)စာပေမြတ်နိုးသူများမှ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကိုပျိုးထောင်ပေးပါ  စာအုပ်ပါခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က  ကျင်းပခဲ့သည်။
Nov 19,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာမ မနှင်းဖွေး ရေးသားသည့် မန္တလေးသို့ သွားနေသည်နှင့် အခြား အတွေးစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
Nov 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုပပျောက် ရေးဆိုင်ရာအသိပညာပေး နယ်လှည့်ဟောပြောပွဲကို အောက်တိုဘာ ၁၆ နံနက်(၁၀) နာရီအချိန် ခန့်က အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ ဆောင်ရွက်ခဲ့သည်။
Nov 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နေ့လယ် (၁၂) နာရီတွင် Youth Club အဖွဲ့က ရှောင်ရှားသင့်သော မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပသည်။