Nov 12, 2024
အထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုပညာသင်တန်းကျောင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားနှင့် အဝတ်အထည်ချုပ်လုပ်မှု သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 12, 2024
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 12, 2024
၂၀၂၄ ခုနှစ် တရုတ်-အာဆီယံယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရေးနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်မြောက် နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာမြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံမီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်တို့ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားနှင့် မီဒီယာဖိုရမ်သို့တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့ ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၄၁ ဦးနှင့် ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ခုနစ်ဦး စုစုပေါင်း ၄၈ ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ထွက်ခွာသွားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 11, 2024
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၇ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့၌ ကျင်းပသော 2024 ASEAN MEDIA PARTNERS COOPERATION WEEK ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများနှင့် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် မြန်မာ့ခြင်းလုံးအလှခတ်အဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
Naypyitaw State Academy ကို “ ပညာရှင်များ မွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး (Farmers’ Participatory Seed Production For Oilseeds Crops and Value Chain Development)” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေအတွင်း ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင်ရေလမ်းကောင်းမွန်ရေး အရေးပေါ်ယာယီကာကွယ်ရေးလုပ်ငန်းများဖြစ်သော သောင်တူးလုပ်ငန်းနှင့် မျောရေကာတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) နှင့် (ရန်ကုန်) တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
ကရင်ပြည်နယ် ဘားအံမြို့၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုတို့နှင့်အတူ ယမန်နေ့က ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
မြန်မာနိုင်ငံ သစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း ကျွန်းရတနာ ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံဆိပ်ကမ်းလှေဆိပ်နေရာနှင့် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဝင်ထွက်မှု စစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်သည့်နေရာနှင့် ဝမ်ပုံလှေဆိပ်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ကော်ဖီဥယျာဉ်ရှင်းလင်းဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံသို့ တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံ စွမ်းအင်နှင့် ရေနံဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ သံအမတ်ကြီးတို့အပြင် Central Asian Oil City မှ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ China Association for Asian Economic Development Mining Professional Committee မှ Deputy Secretary General ၊ အီရန်နိုင်ငံမှ Iran National Innovation Fund တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 09, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ရေးရာဆိုင်ရာ အိန္ဒိယကောင်စီ (Indian Council of World Affairs - ICWA) ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
