Nov 06, 2024
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ကျင်းပသည့် ပြည်သူ့ဆေးရုံများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Hospital Development Symposium) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 06, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့နယ် ရွှေလောင်းအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ သင်ကြားရေးဆိုင်ရာများနှင့် စီမံမှုဆိုင်ရာများ အရည်အသွေးတိုးတက်ကောင်းမွန်စေရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Nov 06, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ၉၅ ဧကတွင် ဆောင်းသီးနှံ မတ်ပဲနှင့် ကုလားပဲစိုက်ပျိုးမည့် တောင်သူ့စိုက်ကွင်းကို စက်မှုလယ်ယာဦးစီးဌာနက ထွန်စက်ကြီးများဖြင့် မြေပြင်ထွန်ယက်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Nov 06, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Nov 06, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့်အတူ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ရန် လိုအပ်မှုနှင့် ၃၃ ကေဗွီရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘလ်ဝိုင်ယာကြိုးများ ဖျက်ဆီးခိုးယူခံခဲ့ရမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 06, 2024
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။
Nov 06, 2024
ဆဋ္ဌမအကြိမ် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
Nov 06, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲလျက်ရှိသည့် ဆူးလေဆိပ်ကမ်းတံတားနှင့် ဝါးတန်းဆိပ်ခံတံတားများသို့ရောက်ရှိပြီး ကုန်တင်၊ ကုန်ချလုပ်ငန်းများနှင့် ဆိပ်ကမ်းရှိ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Nov 06, 2024
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၁ ရက် မှ ၁၅ ရက်အထိ ကျင်းပမည့် တရုတ် - မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်ပြီး ဝန်ကြီးဌာနခြောက်ခုမှ ဝန်ထမ်းများဖြင့်စုဖွဲ့၍ တက်ရောက်ကြမည်ဖြစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 05, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားနည်းများအလိုက် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
Nov 05, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်မည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။
Nov 04, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ် ညောင်ဦးသံတဲဝင်း ပျူစောထီးလမ်း အမှတ် (၃) ရပ်ကွက်ရှိ Sanon Assessment Center သို့ ရောက်ရှိပြီး ဟိုတယ်စားပွဲထိုး (Waiting Staff) Level-1 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။
Nov 03, 2024
(၅၃) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို “မျိုးစေ့ဥပဒေနှင့် မျိုးစေ့မျိုးပွားသုတေသနများအကြာင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီများ၊ ပညာရှင်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် Golden Sunland ၊ Future Green၊ ပြည့်ဝ၊ ရတနာ၊ နွယ်မင်းလတ်မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူ ၁၉၉ ဦးတို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
Nov 03, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်ပြင် (၁) ရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ဦးလှဝင်းအောင်၏ နို့စားနွားမွေးမြူရေးခြံ၌ ဒေသခံ နို့စားနွားမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံသည်။
Nov 03, 2024
ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့တွင် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေးနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံကျင်းပသည့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ (၂၀၂၅) အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက် (၂၀၄၅) ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ အရာထမ်းနှစ်ဦး တက်ရောက်ခဲ့သည်။
Nov 03, 2024
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဝိဇ္ဇာဘွဲ့သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Nov 02, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက ဆောင်ရွက်နေသော တစ်သျှူးကာချာ မျိုးပွားခြံသို့ သွားရောက်၍ အဆင့်(၂)သို့ ရောက်ရှိနေပြီဖြစ်သော နယ်သာလန် Markies မျိုး ၄၈ ရက်သား အာလူး တစ်သျှူးကာချာစိုက်ခင်းကို ကြည့်ရှုလေ့လာသည်။
Nov 02, 2024
ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းဆီကြိတ်စက်များ၏ ကုန်ကြမ်းလိုအပ်ချက်အပေါ် ပံ့ပိုးနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ကျင်းပသည်။
Oct 31, 2024
ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 31, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်ကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
