May 05, 2026
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
May 05, 2026
‘‘ပြည်သူ့ကြားက ပြည်သူ့စကား’’ အစီအစဉ် ထုတ်လွှင့်မည်
May 04, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပို့ကုန်/ သွင်းကုန်ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်ပခရီးသည် ဝင်/ထွက်သွားလာမှုနှင့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
May 04, 2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရေဆင်းရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သစ်တောသုတေသနဌာနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 04, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်ရောက်သည်။
May 04, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 03, 2026
ပြင်ဦးလွင်၊ အင်းလေး၊ နေပြည်တော်၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)သို့ ရောက်ရှိကြသည်။
May 02, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတို့ကို သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
May 02, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီး ဘဝသံသရာခန်းမ၌ ကျင်းပသည်။
May 02, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားနှင့် စာတမ်းဖတ်ပွဲမင်္ဂလာအခမ်း အနားဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ဆက်လက်ကျင်းပသည်။
May 02, 2026
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ခန်းမတွင် ကျင်းပသည်။
May 02, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေရိပ်သာ(Recreation Centre) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 02, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 01, 2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်သော ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တောင်းဆုရ “ဝ” စေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ပြည်ထဲရေးဝန်ကြီးဌာနမိသားစုက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပသည်။
May 01, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၇)ရှိ ထီး (၃) လက် ဘုရားကုန်း၌ ကျင်းပသည်။
May 01, 2026
တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ အသုံးပြုစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ရှိ မျိုးစေ့စမ်းသပ်စိုက်ပျိုးကွင်း၌ ကျင်းပသည်။
May 01, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယပိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသဏလိုဏ်ဂူ၌ ဆက်လက်ကျင်းပသည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဆိုင်ရာ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပ
May 01, 2026
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန အတွင်းရေးမှူး MA. CRISTINA A.ROQUE က ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 01, 2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၈) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
Apr 29, 2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
