Skip to main content

Nov 07, 2025

(၅၅) ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော် ကထိန်ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 05, 2025

China Media Group (CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီ ရှမ်းဟိုင်ရှင်းချန်ယဉ်ကျေးမှုမီဒီယာကုမ္ပဏီလီမိတက်၊ China-ASEAN Artificial Intelligence Collaborative Innova-tion Center နှင့် မိုင်းယွဲနည်းပညာ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 05, 2025

China Media Group (CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကွမ်ရှီ ရှမ်းဟိုင်ရှင်းချန်ယဉ်ကျေးမှုမီဒီယာကုမ္ပဏီလီမိတက်၊ China-ASEAN Artificial Intelligence Collaborative Innova-tion Center နှင့် မိုင်းယွဲနည်းပညာ ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 03, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 03, 2025

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများဖြင့် မြန်မာနိုင်ငံ အရိုးရောဂါပညာရပ်ဆိုင်ရာ ညီလာခံ (၂၀၂၅) ကို ရန်ကုန်မြို့ Novotel Hotel ၌ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်၍ ညီလာခံကျင်းပပြုလုပ်ခြင်းအားဖြင့် ရရှိလာသော တိုးတက်လာသည့် နည်းပညာသစ်များဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို စိတ်ကောင်းစေတနာထား၍ ပိုမိုဆောင်ရွက်ပေးကြရန်နှင့် အရိုးရောဂါပညာရပ်များကို စဉ်ဆက်မပြတ်တိုးတက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 03, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ထီးလိုမင်းလိုဘုရားနှင့် သိကြားပုန်းဘုရားများအား ဖူးမြော်ကြည်ညို၍ သိကြားပုန်းဘုရားရှိ တိုက်မနှင့် အာရုံခံများတွင် ဗုဒ္ဓဝင်ခန်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားမှု၊ သိကြားပုန်းဘုရားအနီး ပျိုးခြံတည်ဆောက်ခြင်း၊ ရင်ပြင်တိုးချဲ့ခြင်းနှင့် ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းနေရာဒေသ မြင်ကွင်းမထိခိုက်စေဘဲ ဒေသမျိုးရင်းပင်များဖြစ်သည့် မန်ကျည်းပင်၊ ထန်းပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 03, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 03, 2025

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 31, 2025

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျုံကန်ကျေးရွာအုပ်စု မိုးစပါးစံပြဧက ၁၀၀ စိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 31, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 31, 2025

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ingo PEACE.(Japan) တို့ပူးပေါင်း၍ သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ​တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 31, 2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒိုအားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဂျူဒို လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. TSE Chinwan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Kong Asia World-expo ၌ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် အကြိမ် (၂၀) မြောက် Eco Expo Asia 2025 သို့ ပါဝင်တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ NESCO Exhibition Center ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသည့် အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ်-၂၀၂၅ (INDIA MARITIME WEEK - 2025) အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 29, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်