Apr 21, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ လုပ်ငန်းလည်ပတ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံ တို့ကို ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 21, 2024
ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆီထွက်သီးနှံအထူးဇုန် တာဝန်ခံများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 19, 2024
ဒီကနေ့မှာတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် AA အဖွဲ့အနေနဲ့လည်း AA အဖွဲ့က တပ်မတော်က လုပ်ဆောင်တယ်။ တချို့ဘူးသီးတောင်မှာနေတဲ့ မွတ်စလင်တွေက လုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့ စွပ်စွဲချက်များထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့မီဒီယာတစ်ခုဖြစ်တဲ့ The Indian Express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပတ်သက်ပြီး ရေးသားနေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက်များ၊ ဖော်ပြချက်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင်၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့လုပ်ကြံ ဖန်တီးရေးသားမှုများသာဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေ မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရုံးအမှတ် (၄) ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်း တစ်ရက်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 18, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၍ကျင်းပရာ နံတော်စဉ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလအမှူးပြုသော သံဃာတော်ကိုးပါး ကြွရောက်ချီးမြှင့်တော်မူကြပြီးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်း၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလဆန်း ၉ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဇနီး၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၇ နာရီခွဲက နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ဇမ္ဗူကျက်သရေလမ်းထောင့်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များက ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တို့၌ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်ကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက် ၁၀ နာရီမှစတင်၍ နေပြည်တော် ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကို ယနေ့နံနက်ပိုင်း (သင်္ကြန်အတက်နေ့) တွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ မြက်ခင်းပြင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့ရှိ Internation Convention Center တွင် ကျင်းပသည့် World Internet Conference Digital Silk Road Development Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

Apr 16, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရေကစားမဏ္ဍပ်ဖြင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 14, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့ များနှင့် Dancer အကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်