Jun 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jun 04, 2024
ပို့ကုန်တိုးမြှင့်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌတို့ တက်ရောက်ကြသည်။
Jun 04, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
Jun 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ ဇွန် ၅ ရက်မှ ၈ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
Jun 03, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jun 03, 2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Jun 03, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၁ ရက်တွင် နည်းပညာတက္ကသိုလ် (သန်လျင်) ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။
Jun 03, 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးထားရှိသည့် နွေနှမ်းနှင့် နွေစပါးစိုက်ခင်းများ ပန်းတိုင်အထွက်ရရှိရေး၊ မုန်တိုင်းမိုးနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်ပျက်စီးမှုလျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စနစ်ကျလယ်ယာမြေတွင် စိုက်ပျိုးထားရှိသော နွေနှမ်းနှင့် နွေစပါးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
Jun 03, 2024
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
Jun 02, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဓာတုနည်းပညာ သုတေသနဗဟိုဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးသုတေသနလုပ်ငန်းများမှ MSME လုပ်ငန်းရှင်များက အဆိုပြုတောင်းဆိုထားသည့် နည်းပညာများကို လွှဲပြောင်းပေးခြင်းနှင့် ဖြန့်ဝေပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်သည်။
Jun 02, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် ညောင်ဦးလေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ် အဝင်လမ်း(လမ်းသစ်)၊ ချောက်-စဉ့်ကူ-ပုဂံလမ်း၊ ကျောက်ပန်း တောင်း-ညောင်ဦး-ပုဂံလမ်းနှင့် ညောင်ဦး-မြင်းခြံလမ်း (မြို့တွင်း လမ်း) တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Jun 02, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မေ ၃၀ ရက်က ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး အသေးစားစက္ကူစက်ဖြင့် စက္ကူများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jun 02, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစည်းအဝေးခန်းမ၌ ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
Jun 02, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 01, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်များနှင့် အမျိုးသားစာကြည့်တိုက်များကို လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
Jun 01, 2024
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက ချီးမြှင့်သော International Award for Promotion of Buddhism ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။
May 31, 2024
စက်မှုဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သော ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်ဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး အရာထမ်းများနှင့် တွေ့ဆုံသည်။
