Skip to main content

Feb 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ ၂၃၀ ကေဗွီ ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သို့ ရောက်ရှိပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2024

မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2024

ယွန်းပညာကောလိပ်(ပုဂံ) နှစ် ၁၀၀ ပြည့်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကောလိပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2024

မြန်မာနိုင်ငံ သွေးတိုးရောဂါပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် Medical Skill, Simulation and Research Center (MSSRC) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ နှစ်ပတ်လည်အသင်းဝင်များ ညီလာခံကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ Hybrid ပုံစံဖြင့်ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ၊ အဖွဲ့ဝင်အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို ကြည့်ရှုစစ်​ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

စက်မှုဝန်ထမ်းဟောင်းများ၏ ဒသမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ထမ်းဟောင်းများအသင်းနာယက၊ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အသင်းဝင်ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိရာ တာဝန်ခံက ဆီများပြည်ပမှ မှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်းစားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင်စိုက်ပျိုးမြေ ခြောက်ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက် စိုက်ပျိုးနည်း(Strip Cropping)စနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့တွင်းနှင့် ဒလမြို့တို့ကို ဆက်သွယ်သည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မင်းလှမြို့ရှိ ၂၃၀ ကေဗွီ, ၁၀၀ အမ်ဗွီအေ မင်းလှပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ် (၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

စစ်ဆေးရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်