Dec 15, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ရောက်ရှိပြီး ရုံးဝင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 15, 2023
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 15, 2023
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 15, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commi-ssioner for Refugees–UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2023
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာရှိတောင်ကြီးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2023
ဒီနေ့မနက် ၆ နာရီ ၁၅ မိနစ်အချိန်လောက်မှာ KNLA ၊ PDF အကြမ်း ဖက်သောင်းကျန်းသူတွေက မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံမှာရှိတဲ့ ဓာတ်အားခွဲရုံသုံးပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာရှိပါတယ်။ အဲဒါကြောင့် သင်္ကန်း ညီနောင်-မြဝတီဘက်မှာတော့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက် လျက်ရှိပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2023
အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ၏ သတင်းအတတ်ပညာဆိုင်ရာ အခြေခံရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ General Life News Agency မှ သင်တန်းတာဝန်ခံများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 14, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Ramanathan Balakrishnan ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 13, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အားကစား ကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 13, 2023
ရှမ်းပြည်နယ် တောင်ကြီးမြို့ မြကန်သာပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲတွင် အဆိုပါပန်းခြံမုခ်ဦးရှေ့၌ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့် ပန်းပွားအက အဖွဲ့များတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 13, 2023
Myanmar Digital News အမည် ဖြင့် Online Digital Newspaper & News Portal Services လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်း ပေးအပ်ခြင်းအခမ်းအနားကိုယနေ့မွန်းလွဲပိုင်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 12, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ အခမ်းအနားပြင်ဆင်နေမှု၊ ပြခန်းများစီစဉ်ဆောင်ရွက်ထားရှိမှု၊ LED ဘုတ်များတပ်ဆင်မှု၊ လျှပ်စစ်မီးနှင့်အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ရေလှောင်တမံ၏ ဆည်ရေဝင်ရောက်မှုနှင့် ရာသီအလိုက် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရေး၊ သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မူတည်၍ စိုက်ပျိုးရေစီမံခန့်ခွဲအသုံးပြုနိုင်ရေးနှင့် အသုံးပြုပြီးပိုလျှံရေများကို ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများဖြင့် ပြန်လည်အသုံးပြုနိုင်ရေး၊ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော ရေအသုံးချသူများအဖွဲ့ (WUG) တိုးချဲ့ဖွဲ့စည်းပြီး ဆည်ရေကို ညီညွတ်မျှတအကျိုးရှိစွာ ရယူအသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) သို့ရောက်ရှိရာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေတို့သည် ယနေ့နံနက်ပိုင်းတွင် နွန်ထပူရီမြို့ရှိ အလုပ်သမား သံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) နှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာသစ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ကိုရီးယားသမ္မတနိုင်ငံ ကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ Sang Kyung Chan (Venerable MOKTAK) အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ် နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အသင်းအနေဖြင့် နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် အကျိုးအမြတ်ကို အဓိကမထားဘဲ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားပြီး တောင်သူပိုင် နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကို အသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် တိုးလ်ဂိတ်များဖြစ်သော ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ သီးကုန်းမီနီတိုးလ်ဂိတ်နှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်းပေါ်ရှိ မြတ်နိုးသူကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဂိတ်များကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုးလ်ဂိတ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 11, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုဇုန်အတွင်းရှိ ထီးလှိုင်ရှင်ဘုရား၊ ရတနာ ထီးအုပ်ဘုရား၊ စွယ်တော်စင်၊ ရွှေမုဋ္ဌောဘုရား၊ ဂူတော်သစ်ဘုရား၊ မြို့တွင်းဂူဖြူဘုရား၊ ရွှေရင်းရဲဘုရား၊ ရွှေအုန်းပေါက်ဘုရား၊ ရွှေစည်းခုံဘုရား၊ မြသိန်းတန်ဘုရားနှင့် ရွှေတန်ဆာဘုရားတို့၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြင့်မား၍ အန္တရာယ်ရှိသော ရှေးဟောင်းဘုရားများအား ချုံနွယ်များ ရှင်းလင်းရာတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
