Skip to main content

Nov 22, 2023

(၅၂)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာ သီရိဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် “(၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ် ကျေးမှုဖိုရမ်” သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦး လျှပ်စစ်မီးအလှ ဆင်နေမှု၊ တန်ဆောင်တိုင် မီးပုံးပျံကွင်းအတွင်း လျှပ်စစ်မီးသွယ်တန်းထားမှုနှင့် ရာဇူဒိုင်လမ်းပေါ်ရှိ ကောင်းကင်ဓာတ်အားလိုင်းအား မြေအောက် ဓာတ်အားလိုင်းအဖြစ် ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ နောင်တော်ကြီးစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ပြင်ဆင်ထားမှုနှင့် ငြမ်းဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2023

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိ၍ သံရည်ကျိုမီးဖို (Electric Arc Furnace)နှင့် သံရည် အချောသပ်မီးဖို (Ladle Refining Furnace) တို့တွင် သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်များသွန်းလောင်းနေမှု၊ သံမဏိလေးထောင့်တုံးများ ထွက်ရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ် သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့သို့ရောက်ရှိပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ Oxygen Plant၊ ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာန၊ ခွဲစိတ်ဆောင်နှင့် ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP နည်းပညာပေးစိုက်ကွင်း(GAP Model Farm)ကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်းကျေးရွာရှိ ပျဉ်းမနားခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် မြနန်းစံကျော်ရွှေနန်းတော် နန်းဆောင်ပတ်လည် သစ်သားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း၊ မြေနန်းပြာသာဒ်ဆောင်နှင့် မှန်နန်းဆောင်တို့တွင် ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ လေကြောင်းစီမံန့်ခွဲရေးဗျူရိုနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားပြပွဲ (2023 China International Travel Mart) ကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ အာဆီယံ-တရုတ်ဗဟိုဌာနနှင့် မလေးရှားနိုင်ငံ ခရီးသွားလုပ်ငန်း အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ-၂၀၂၃ကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တချို့သောမြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးတွေကို ကောလာဟလ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်မနေ့က ပြောခဲ့သလိုမျိုး နိုင်ငံတော်ရဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကို ထိခိုက်ပျက်စီးစေလိုတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေက ကောလာဟလထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လက်ခံတဲ့နေရာမှာ အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်နဲ့ ကသာမှာပဲ ဖြေဆိုလို့မရခဲ့တာရှိပါတယ်။ အဲဒီဒေသတွေမှာ စာမေးပွဲတွေကို ဆိုင်းငံ့ထားပြီးတော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်