Skip to main content

Oct 15, 2022

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသော မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မဏိရတနာမြတောင်ကျောင်းတိုက်၏ အဓိပတိမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၇၀)ဝါရှိ မဟာထေရ်မြတ်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ ဆွေတော်မျိုးတော်များ၊ ဒါယကာ၊ ဒါယိကာမများ စုံညီစွာတက်ရောက် ဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံအဆင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်၍ ပညာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများအစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး MITV News Studio ပြန်လည်တည်ဆောက်မှု၊ ရုပ်သံ Tower များ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2022

စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရေး၊ ဒေသတွင်းမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများအနက် အဓိကတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏

ဆက်လက်ဖတ်ရှုရန်

Oct 14, 2022

(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရုရှားကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီး ခေါင်းဆောင်များညီလာခံ (2nd ASEAN Women Leaders’ Summit) ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာဆီယံအမျိုးသမီးရေးရာ ကော်မတီ Focal Person နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

မေး ။ ။ ဒီနေ့နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူများကို ပစ်ခတ်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။ ဘုရားဖူးပြည်သူ များ သေဆုံးဒဏ်ရာရရှိမှုများရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ သတင်းထုတ်ပြန်ဖြေကြားပေးစေ လိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံမော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ခေတ်မီစံပြကျေးရွာများ၏ စီမံကိန်းလုပ်ငန်း များကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် မြို့နယ်အဆင့်သည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရခြင်းကြောင့် ဌာန၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကကျသည့် အဆင့်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ဦးစီးအရာရှိများအနေဖြင့် ဌာန၏လုပ်ငန်းရည်မှန်းချက် များကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များနှင့်အညီ အရည်အသွေးပြည့်မီ၍ စွမ်းဆောင်ရည်များ မြင့်မားလာ စေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို အထိရောက်ဆုံး ဖြည့်ဆည်းစွမ်းဆောင်နိုင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

“ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၈) နှစ်ပြည့်အခမ်းအနား ဖြစ်ပါကြောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တွင် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကမ္ဘာတစ်ဝန်းတွင် စာပို့တိုက်စခန်းပေါင်း ၆၀၀၀၀၀ ကျော်ကို ချိတ်ဆက်ပေးထားသည့် တစ်ခုတည်းသော ကမ္ဘာ့စာပို့တိုက် ကွန်ရက်အဖြစ် ရပ်တည် လျက်ရှိနေပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပို့ဆောင်ရေးနှင့် ဆကသွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2022

(၂၈) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (28th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2022

အာဆီယံဒေသတွင်း သတင်းတု၊ သတင်းမှား တိုက်ဖျက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (1st Meeting of the ASEAN Task Force on Fake News-1st TFFN) ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ JW Marriott Hotel Hanoi ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2022

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်