Skip to main content

Oct 11, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)ကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါစက်ရုံ၌ အောင်မြင်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာ ၉ ရက်မွန်းလွဲ ၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရားကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင်ခရစ်ယာန်အသင်းတော်များကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလိတ်ဟိုတယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2022

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ပြိုင်ပွဲအခမ်းအနားဖြစ်သဖြင့် ကျင်းပစဉ်ကာလအတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2022

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ထမ်း မိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2022

KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2022

နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုးကို အဓိကရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ၏ အကောင်းဆုံးစွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် တည်ဆောက်ရေးဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်းဖြစ်စေကာ အရည်အသွေးပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင်သုံးပစ္စည်းများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ လက်ရှိတာဝန်ခံများက မျိုးဆက်သစ် ဝန်ထမ်းငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်၊ တင်းတိပ်ကွင်းတွင်တည်ရှိသည့် “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ ရှင်းလင်းဆောင်၌ ကျင်းပသော သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါး မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2022

အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2022

၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ နေပြည်တော် အမှတ်(၂၂)၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2022

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပြည်တွင်း၊ ပြည်ပအေဂျင်စီများ၊ လုပ်ငန်းရှင်များ၊ လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ (Multi-Purpose Stadium) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2022

မြို့ပြဒေသရှိ နေအိမ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ကားပါကင်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည်တို့၏ အမိုးများပေါ်၌ နေရောင်ခြည်စွမ်းအင် သုံး Rooftop Solar Photovoltaic (PV) System များ တပ်ဆင်အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း များကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ Solar System အတွက် မြေနေရာပေးရန် မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ခြင်း၊ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ တည်ဆောက်ချိန်နှင့် ကုန်ကျစရိတ်နည်းပါးခြင်း၊ တပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုလွယ်ကူခြင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2022

အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား (ALA-Indoneisa) က Hybrid စနစ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် လက်ခံကျင်းပသည့် (၄၃) ကြိမ်မြောက် အာဆီယံဥပဒေပညာရှင်များအသင်း အုပ်ချုပ်မှုကောင်စီ အစည်းအဝေးသို့ အာဆီယံဥပဒေပညာရှင်များအသင်းဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံ တရားသူကြီးချုပ် H.E. Sundaresh Menon နှင့် အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား၏ဥက္ကဋ္ဌ တရားသူကြီးချုပ် H.E. Muhammad Syarifuddin တို့၏ဖိတ်ကြားချက်အရ အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကြေးနီကန်ကျေးရွာအနီးတွင် တည်ရှိသည့် မိုးလေဝသရေဒါစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2022

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် အောက်တိုဘာ ၂ ရက်က ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ညောင်လေးပင် ခရိုင်ဥပဒေရုံးနှင့် တောင်ငူခရိုင် ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးစက်မှုဇုန်ရှိ ဒုံးပျံဂျုံစက်နှင့် တိုးပွားမန်း ဓာတ်မြေဩဇာစက်ရုံများသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ပြည်သူများအတွက် အခြေခံလိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ (၁) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေသမဝါယမလုပ်ငန်း လီမိတက်နှင့် Family United Power Co., Ltd. ၊ အထည်ချုပ်လုပ်ငန်း၊ Myanmar Integrated Communication and Trading Co., Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ(Incubation Center)၌ နေပြည်တော်ကောင်စီနယ်မြေရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်