Skip to main content

2019 Novel Coronavirus ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ယနေ့ ညနေ ည (၈:၂၅) နာရီ သတင်းထုတ်ပြန်ချက်

နေပြည်တော် ဖေဖော်ဝါရီ ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ (၃၁-၁-၂၀၂၀)ရက်နေ့တွင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင်အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက်(၂၉)နှစ် အရွယ်အမျိုးသား သည်(၂-၂-၂၀၂၀)ရက်နေ့တွင် ကိုယ် အပူချိန်မြင့်မားသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိကဆေးခန်းတွင် သွားရောက်ပြသခဲ့ရာ အဆိုပါဆေးခန်းမှ နေပြည်တော်ခုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။

အဆိုပါ အမျိုးသားအား နေပြည်တော်ခုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးရှိ သီးခြားခန်းတွင် ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း လက္ခဏာများ တွေ့ရှိရပါသည်။

အဆိုပါ အမျိုးသားအား 2019 Novel Coronavirus ရောဂါသံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါ ရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှနှာခေါင်းတို့ဘတ်နမူနာ(Nasopharyngeal Swab) များရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါသည်။

Ref; Ministry of Health and Sports, Myanmar