Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံး အသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံ နယ်နမိတ်ထိစပ်နေသော ပြည်နယ်များအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ ပိုမိုပူးတွဲ လုပ်ဆောင် နိုင်စေရန် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် နှစ်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ  အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်၍ ပန်းစည်းများ ပေးအပ်ခဲ့ကာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ- အိန္ဒိယချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ  ဦးဘိုးသန်းညွန့်၊ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Nanda singh Bhaisora နှင့် မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဘောလုံးပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအပြီး ညပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မဏိပူရပြည်နယ် ကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)