Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း MYNFREL အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၃


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Myanmar Network Organization for Free and Fair Elections (MYNFREL)အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိပြီး အများ ယုံကြည် လက်ခံသော၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်စေမည့် စံပြရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူလူထု အသိပညာ ပေးခြင်းနှင့် မဲဆန္ဒရှင် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် MYNFREL အဖွဲ့မှ ဆောင်ရွက်မည့် မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာသင်တန်းနှင့် ဆင့်ပွားသင်တန်းများ ပို့ချသွားမည့် အစီအစဉ်၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိစေရေးအတွက် မဲစာရင်းကြည့်ရှုရန် လှုံ့ဆော်မှုဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်