Skip to main content

အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ ဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၈

(၃၅) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဋ္ဌများအစည်းအဝေး (35th Chairs' Meeting of the ASEAN Capital Markets Forum) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံ အရင်းအနှီး ဈေးကွက်ဖိုရမ် ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံ၊ ငွေကြေးအာဏာပိုင် sag.eh Deputy Managing Director ဖြစ်သူ Ms. Rashidah SABTU က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံဒေသ တွင်း နိုင်ငံများ၏ အရင်းအနှီး ဈေးကွက်ကြီးကြပ်ရေး ကော်မရှင် များမှ အကြီးအကဲများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံ ဒေသတွင်း အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲဖွဲ့စည်း ထူထောင်ခဲ့သည့် အာဆီယံအရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် အာဆီယံ အရင်းအနှီး ဈေးကွက်များဖိုရမ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အာဆီယံ ရေရှည်တည်တံ့ ခိုင်မြဲသော ဘဏ္ဍာရေး (ASEAN Sustainable Finance) ဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ အရင်းအနှီးဈေးကွက် အသွင် ကူးပြောင်းခြင်းဆိုင်ရာ စံသတ် မှတ်ချက်များ၊ ကာလရှည်ငွေချေး စာချုပ် (Sustainability-Linked Bond)များ ထုတ်ဝေခြင်းဆိုင်ရာ စံ သတ်မှတ်ချက်များ၊ အာဆီယံ ကော်ပိုရေးရှင်းများ၏ စဉ်ဆက် မပြတ် ဖွင့်ဟထုတ်ဖော်မှုဆိုင်ရာ စံသတ်မှတ်ချက် လုပ်ငန်းစဉ် များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီး ဈေးကွက် များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ ကြသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပါဝင်ဆွေးနွေးရာတွင် မြန်မာ နိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရေရှည် တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေး စနစ်ဖြစ်ပေါ်ရေး၊ အာဆီယံ အရင်း အနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက် ရေး မျှော်မှန်းချက်ကို အကောင် အထည်ဖော်ရာတွင် လိုက်ပါ ဆောင်ရွက်နိုင်မှုများကို ပါဝင် ဆွေးနွေးခဲ့ပြီး အာရှဖွံ့ ဖြိုးရေး ဘဏ်မှ မြန်မာနိုင်ငံသို့ အရင်း အနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ အကူအညီပေးအပ်မှု များအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ အစည်းအဝေး၌ ASEAN Collective Investment Schemes (ASEAN CIS) အတွက် ပြန်လည်ပြင်ဆင် ထားသည့် လက်စွဲစာအုပ်နှင့် ASEAN Corporate Governance Scorecard (ACGS) Country Report ကို ထုတ်ဝေနိုင်ခဲ့ကြောင်း သိရသည်။

အခြေခံမူများကို ချမှတ်

ထို့ပြင် AC MF, Insurance Regulators' Meeting (AIRM), Senior Level Committee on Financial Integration (SLC) pę အာဆီယံ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ (WC-CMD)တို့ ပူးပေါင်း၍ ASEAN အတွက် ရေရှည်တည်တံ့သော ဘဏ္ဍာရေး Taxonomy ကို ရေးဆွဲ ရေးအတွက် ASEAN Taxonomy Board ကို ဖွဲ့စည်းနိုင်ခဲ့ပြီး Board အတွက် အခြေခံမူများကို ချမှတ် နိုင်ခဲ့သည်။

အစည်းအဝေးတွင် ACMF Vision 2025 အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ACMF Action Plan (2021-2025) တွင် ဖော်ပြထားသည့် ဦးစားပေးဆောင်ရွက် မည့် လုပ်ငန်းနယ်ပယ်များဖြစ်သော အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး မှုဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး၊ အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ် နည်းများ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသတွင်း အရင်းအနှီး ဈေးကွက်များ တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေး၊ ဒေသတွင်း အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနယ်ပယ်များကို သဘော တူခဲ့ကြသည်။

တာဝန်ပေးအပ်

ထို့နောက် ယခုနှစ်အတွက် ACMF အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် ဘရူနိုင်းနိုင်ငံ၊ ဗဟိုဘဏ်မှ လာမည့်နှစ် အတွက် ACMF အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ Securities and Exchange Regulator of Combodia သို့ လွှဲပြောင်း တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်

အဆိုပါ အစည်းအဝေးမှ ညှိနှိုင်းသဘောတူညီပြီးဖြစ်သည့် လုပ်ငန်းစဉ်များကို ယခုလကုန် တွင် ကျင်းပမည့် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ အစည်း အဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်သည်။ အာဆီယံအရင်း အနှီးဈေးကွက်များ ဖိုရမ်သည် အာဆီယံဒေသတွင်း အရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာ ရေးအတွက် အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် စည်းမျဉ်း စည်းကမ်း ထိန်းကျောင်းသူ အဖွဲ့အစည်း အကြီးအကဲများ၏ အဆင့်မြင့်ဆွေးနွေးပွဲ တစ်ခုဖြစ်ပြီးနှစ်စဉ် ပုံမှန်ကျင်းပလေ့ရှိသော အစည်းအဝေးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်