Skip to main content

ပဲခူးမြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံ အားပေး

ပဲခူး အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကပဲခူးမြို့ သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးသည်။

ထောက်ပံ့ပေးအပ်

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းခန်းမ၌ သားဖွားသင်တန်း အပတ်စဉ်(၁၀၃)၊ ဒုတိယနှစ်သင်တန်းတက်ရောက်နေသည့်သင်တန်းသူ များအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး သင်တန်းကာလ ခြောက်လအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့အား ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည်သင်တန်းစာသင်ဆောင်များ၊ လက်တွေ့ ခန်း၊ ကျောင်းစာကြည့်တိုက်နှင့်ထမင်းစားဆောင်များ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ပဲခူးမြို့ သားဖွားသင်တန်းကျောင်း အပတ်စဉ် (၁၀၃)၊ ဒုတိယနှစ်သင်တန်းအား မြန်မာနိုင်ငံ အနှံ့ အပြားမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက် သင်ကြားလျက်ရှိပြီး ယခုဒုတိယနှစ်သင်တန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်