Skip to main content

ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) ရုံးခန်း ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

 

နေပြည်တော် အောက်တိုဘာ ၁၉

 

ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) ရုံးခန်း ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ YMBA ဓမ္မာရုံ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် YMBA အသင်းဥက္ကဋ္ဌတို့က YMBA ရုံးခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် အလှူငွေပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များက လှူဒါန်းသော အလှူငွေများကို ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူကြသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း သည့် အလှူငွေကျပ် ၂၅ သိန်းကို တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ YMBA အသင်း ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်