Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဧပြီ ၂၇

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမှုဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ညွန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဆက်စပ်ဌာနများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေးစသည့် အမျိုးသားရေးရည်မှန်းချက်()ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက် ဒေသများတွင်နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် အဓိကအသက်မွေး ဝမ်းကျောင်း ပြုကြသူများဖြစ်ကြကြောင်း၊ အစားအသောက် ကနဦး ထုတ်လုပ်သူများ ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍမှစတင်၍ အရည်အသွေးစံချိန်စံညွန်းပြည့်မီသည့် အခြေခံအစားအသောက်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး တန်ဖိုးမြှင့် စားသောက် ကုန်များအဖြစ် ထပ်ဆင့်ထုတ်လုပ်ရာတွင်လည်း အသေးစား၊ အလတ်စားမှစ၍ စားသောက်ကုန် လုပ်ငန်းကြီးများအထိ အရည်အသွေးစံချိန်စံညွန်းများနှင့်အညီ ကုန်ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း။ 

ထို့ပြင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီစွာ စနစ်တကျထုပ်ပိုး၍ နိုင်ငံတကာ ဈေးကွက်များတွင် ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးကိုလည်း ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ အနေဖြင့် အခြေခံအစားအသောက်ထုတ်ကုန်များ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းအပြင် ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ပါဝင်သည့် (Good Agriculture Practices–GAP) စံချိန် စံညွှန်းနှင့်အညီ လိုက်နာကျင့်သုံးရန် နည်းပညာပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ GAP နည်းစနစ်ကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဘေးအန္တရာယ်ကင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးနည်းစနစ်ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်မည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးသူ တောင်သူများအတွက်လည်း ဝင်ငွေတိုးလာမည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေး တိုးတက်မှုကို  အကျိုးများစွာရရှိမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာ GAP Guideline နှင့် သီးနှံ (၁၅)မျိုးအတွက် GAP Protocol ကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး  ၂၀၂၂ ဖေဖော်ဝါရီလအထိ သီးနှံ (၅၆) မျိုးအတွက် မြန်မာ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း (၃၆၁၆)ခုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင်သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီက နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုခဲ့ပြီးဖြစ်သည့်အပြင် အာဆီယံအော်ဂဲနစ် စံချိန်စံညွှန်းများကို အခြေခံ၍ မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းများကို ရေးဆွဲထားပြီးဖြစ်ကြောင်း။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော  မွေးမြူရေးထုတ်ကုန်များအတွက် ကောင်းမွန်သည့်မွေးမြူရေးကျင့်စဉ်များကို အခြေခံ၍ စံချိန်စံညွှန်း () မျိုးရေး ဆွဲထားရှိကာအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ကောင်းမွန်သည့် တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် တိရစ္ဆာန်ထွက်ထုတ်ကုန်များ မွေးမြူထုတ်လုပ်ရရှိလာနိုင်ခြင်း၊ စားသုံးသူများ ဘေးကင်းစွာစားသုံးနိုင်ခြင်း၊ မွေးမြူရေးခြံ လုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက် စေခြင်း၊ ဇီဝလုံခြုံမှု ကောင်းမွန်လာစေခြင်း၊ ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ထားသည့် ထုတ်ကုန်ဈေးကွက် ဖြစ်ပေါ်လာစေခြင်းစသည့် အကျိူးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း။

နိုင်ငံတစ်ဝန်းတွင် မွေးမြူရေးဇုန် (၂၇) ဇုန်နှင့် ခွာနာလျှာနာ ထိန်းချုပ်ရေးဇုန် ()ဇုန် ဖော်ဆောင်ထားရှိပြီး ကျင့်စဉ်များနှင့်အညီ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် GAHP အသိအမှတ်ပြု မွေးမြူရေးခြံ စုစုပေါင်း(၄၄)ခြံရှိလာပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံ အစားအသောက် ထိန်းချုပ်ရေးဆိုင်ရာစနစ်များနှင့် ကျန်းမာ သန့်ရှင်းရေးဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် နည်းစနစ်ပိုင်းဆိုင်ရာ တစ်ပြေးညီ ဖြစ်စေရန်အတွက် စည်းမျဉ်းများကိုရေးဆွဲ၍ ညွှန်ကြားချက်အမှတ်၊ /၂၀၁၈ ကို ထုတ်ပြန်ကာ လိုက်နာ ဆောင်ရွက်စေလျက်ရှိကြောင်း၊ အစားအသောက်ဘေးကင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကိုလည်း လိုက်ပါဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိလာသည့်  အရည်အသွေး ကောင်းမွန်ပြီး လတ်ဆတ်သည့် အစားအသောက်များကို အများပြည်သူဝယ်ယူသုံးစွဲနိုင်ရေးသည် အရေးကြီးသည့်အတွက် သယ်ယူပို့ဆောင်ရေးနည်းလမ်းများ၊ သိုလှောင်သည့် နည်းစနစ်များ၊ ဖြန့်ဖြူးရောင်းချခြင်းစနစ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်စိမ်းဈေး၊ အသား/ငါးဈေးများတွင် ဈေးရောင်းချသူများအနေဖြင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို သိရှိလိုက်နာရန် လိုအပ်သကဲ့သို့ တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် စဉ်ဆက်မပြတ်ပညာပေးကြီးကြပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ အနေဖြင့်လည်း ဘေးကင်းလုံခြုံစွာ စားသောက်နိုင်ရေးအတွက် စနစ်တကျကိုင်တွယ်ချက်ပြုတ် နိုင်ရန်အတွက် ပညာပေးလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လက်ရှိ လူနေမှုဘဝစားသောက်မှု ပုံစံများပြောင်းလဲလာမှုအရ လတ်ဆတ်သည့် အသီးအရွက်၊ အသား/ငါး အစရှိသည်ကို ဝယ်ယူချက်ပြုတ်စားသောက်မှုများအပြင် အသင့်ထုပ်ပိုးပြီး ကြာရှည်ခံအောင်ဆောင်ရွက်ထားသည့် အစားအသောက်များကိုလည်း လူအများစု စားသောက်နေကြသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် အခြေခံစားသောက်ကုန်များအား စတင်ထုတ်လုပ်စဉ်မှ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ဆက်လက်ထုပ်ပိုး ထုတ်လုပ်သည်အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီရှိစေရေး အမြဲအလေးအနက်ထားပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  မိမိတို့ မြန်မာနိုင်ငံတွင် ပြည်သူများစားသုံးနေကြသည့် အသင့်ထုပ်ပိုးပြီး စားသောက်ကုန်များသည် အသေးစားကုန်ထုတ်လုပ်ငန်းများမှ အများစုထွက်ရှိလာပြီး အသေးစား ထုတ်ကုန် (၁၇၂၃၄) ခု အနက် စားသောက်ကုန်လုပ်ငန်းအနေဖြင့် (၄၂၆၅)ခု ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊  အရည်အသွေးကောင်းမွန်သည့်အပြင် ဘေးဥပါဒ်ကင်းစင်သည့် အစားအသောက် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များ ကိုလည်း ဈေးကွက်မတင်မီကတည်းက စိစစ်ပေးလျက်ရှိရာတွင် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိသည့် အစားအသောက် လုပ်ငန်းပေါင်း (၁၀၅၆)ခုနှင့် သောက်ရေသန့် လုပ်ငန်းပေါင်း (၂၃၆၈)ခုရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီ၊ ခေါက်ဆွဲ၊ လက်ဖက်စသည့် စားသောက်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင် ရေးစိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနအနေဖြင့် ဝန်ထမ်းများကို ခေတ်ကာလနှင့်အညီ စွမ်းရည်မြှင့်တင်ခြင်း၊ ပြည်တွင်းစားသောက်ကုန်စံချိန်စံညွှန်းများ ရေးဆွဲအတည်ပြုခြင်း၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လမ်းညွှန် ချက်များကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ထုတ်ပြန်ခြင်းတို့ကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း။ 

နိုင်ငံတစ်ဝန်းရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲများသည် အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းပြီး ဈေးကွက်အတွင်း အများပြည်သူစားသုံးရန်မသင့်သည့့် အစားအသောက်များကို ရှာဖွေစိစစ်ခြင်းလုပ်ငန်းများ လစဉ်ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ စားသုံးရန်မသင့်သည့် အစားအသောက်ကို တွေ့ရှိပါက လိုအပ်သလို ဥပဒေအရ အရေးယူခြင်းများ ကိုလည်းတိုးမြှင့် ပြုလုပ်ဆောင်ရွက်သွားခြင်းဖြင့် တစ်ဖက်တစ်လမ်းက စားသုံးသူများအတွက် ကာကွယ်ပေးရာရောက်မည် ဖြစ်ကြောင်း။

စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူစားသုံးသည့့်စားသောက်ကုန်၏ အမှတ်တံဆိပ်ရှိ ပါဝင်ပစ္စည်းကိုကြည့်ရှုပြီး မိမိတို့ကျန်းမာရေးအတွက် သင့်လျော်သည့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရန်၊ သက်တမ်းလွန်အစား အသောက်များကိုသိရှိပြီး ရှောင်ရှားနိုင်ရန်နှင့် စားသောက်ကုန်ဖြန့်ဖြူး ရောင်းချမှုနှင့် ပတ်သက်ပြီး ခြေရာခံ မှုအားကောင်းရန်အတွက်အသင့်ထုပ်ပိုးထားသောအစားအသောက်များ အမှတ်တံဆိပ် ကပ်ခြင်းဆိုင်ရာ အမိန့်(/၂၀၂၂)”ကိုလည်း ထုတ်ပြန်ပေးထားပြီးဖြစ်၍ သိရှိလိုက်နာ ကြမည်ဆိုလျှင်လည်း မိမိနှင့်တကွမိသားစုတိုင်း၏ ကျန်းမာရေးထိခိုက်စေမည့် ဘေးအန္တရာယ်ကို လည်း တစ်စိတ်တစ်ပိုင်း ကာကွယ်တားဆီးရာ ရောက်မည်ဖြစ်ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ကျန်းမာရေး ထိခိုက်စေနိုင်သည့် စားသောက်မှုပုံစံများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လုပ်ငန်းများကို ယခုထက်ပိုပြီးတိုးမြှင့်ဆောင်ရွက်ပေးသွားရန် တိုက်တွန်းလိုကြောင်း။           ခေတ်အဆက်ဆက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဥပဒေများချမှတ်နိုင်ရန်  ကြိုးစားခဲ့ကြသော်လည်း လိုအပ်ချက်တစ်ရပ်အဖြစ်ရှိနေခဲ့ကြောင်း၊ ရေရှည်အကျိုးစီးပွားကိုရှေးရှုသည့် ပွင့်လင်းမြင်သာပြီး ခိုင်မာသည့်အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး မူဝါဒရှိမှသာ သက်ဆိုင်ရာကဏ္ဍအလိုက် တိကျသည့် တာဝန်ခွဲဝေမှုရှိသည့် စနစ်တစ်ရပ် ထူထောင်နိုင်သကဲ့သို့ မူဝါဒနှင့်လျော်ညီသည့် ခေတ်မီဥပဒေများ၊ နည်းဥပဒေများကို ချမှတ်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့်အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေး မူဝါဒသည် ယင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်ချက် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သည်ဟုဆိုနိုင်ကြောင်း၊ မိမိတို့ ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းနေရန်ဆိုသည့်  မျှော်မှန်းချက်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတကာနှင့် လျော်ညီသည့် စံချိန်စံညွှန်းများ ပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေပိုမိုရရှိနိုင်ရေးတို့ကို  ဆက်လက်လုပ်ဆောင်သွားနိုင်ရန်မျှော်မှန်းပြီး ယခုမူဝါဒကို ရေးဆွဲချမှတ်ရခြင်းဖြစ်ကြောင်း။

ယခုမူဝါဒကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ အာဆီယံအဖွဲ့တို့၏ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ် ထိန်းချုပ်ရေးစနစ်ဆိုင်ရာ ဥပဒေသများနှင့်လည်း လိုက်လျောညီထွေရှိစေရန် ချမှတ်ထားခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး တာဝန်ကိုယ်စီရှိသည်ကို ပြောကြားလိုကြောင်း၊ ယခုမူဝါဒအရ သက်ဆိုင်ရာနယ်ပယ်အလိုက်တိကျသည့် တာဝန်ခွဲဝေမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး အစားအသောက်ကြောင့်ဖြစ်သည့် ကျန်းမာရေးဆိုးကျိုးများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည့် အပြင် စိတ်ချယုံကြည်ရသည့် အစားအသောက်ဈေးကွက်တစ်ရပ် ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ နယ်ပယ်အချင်းချင်း ချိတ်ဆက်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံ၏ လုပ်အားစွမ်းအားစု လေးပုံသုံးပုံမှ ထုတ်လုပ်နေသည့်  စိုက်ခင်းမှသည် စားသုံးသူအထိ အစားအသောက်ကွင်းဆက်တစ်လျှောက်ရှိ အစားအသောက်များသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်စုံကြွယ်ဝနေမှသာ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ  အားလုံးသည် ကျန်းမာကြံ့ခိုင်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် စားသောက်ကုန်များကို ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ပြည်ပတင်ပို့သည့် အစားအသောက် ကုန်သွယ်မှု ဈေးကွက်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာကာ မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ များပြားပွင့်လန်းလာမည်ဖြစ်ကြောင်း။

ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာသည်နှင့်အမျှ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ပြည်ထောင်စုအကျိုးကို လက်တွဲဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း။

ထို့ကြောင့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး မူဝါဒကို အကောင်အထည်ဖော်ဆောင်မည့် အစီအမံများချမှတ်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက် သူများအားလုံး၊ သက်ဆိုင်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနှင့် လုပ်ငန်းများ အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အစားအသောက်ဘေးကင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့မှတ်တမ်း Video ပြသပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ နှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒမိတ်ဆက်ခြင်းနှင့်ဖြန့်ဝေခြင်း အထိမ်းအမှတ်ပြခန်းများနှင့် food and Drug Administration Mobile Laboratory ယာဉ်များကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တို့က ဦးဆောင်ကျင်းပကြသည်။

အစီအစဉ်ဒုတိယပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အမျိုးသားအဆင့်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒနှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။