နေပြည်တော် ဩဂုတ် ၆
Workshop On Leading With Purpose and Passion ခေါင်းစဉ်ဖြင့် အွန်လိုင်းသင်တန်းကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာ MRTV မှ ဝန်ထမ်း ခြောက်ဦး တက်ရောက်သည်။
ဆွေးနွေးပွဲကို အာရှ-ပစိဖိတ်ရုပ်သံထုတ်လွှင့်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း (Asia Pacific Institute For Broadcasting Development -AIBD) အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး သင်တန်းတွင် မလေးရှားနိုင်ငံမှ International Trainer,Facilitator and Executive Coach ဖြစ်သူ Consultant Mr. Shan Moorthi က အဖွဲ့အစည်း၏ ခေါင်းဆောင်များအနေဖြင့် ရည်ရွယ်ချက် ပြတ်သားခြင်း၊ ထပ်တူညီခြင်း၊ စာနာရိုင်းပင်းကူညီတတ်ခြင်း၊ ရဲရင့်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ လမ်းညွှန်ဆရာနှင့် အဖွဲ့အစည်း တည်ထောင်သူ စသည့် အချက်အလက် (၇)ချက်ဖြင့် လက်တွေ့ပြသနိုင်ရန် လုပ်ဆောင်ရမည့် အကြောင်းအရာများကို ဆွေးနွေးသည်။
ထို့အပြင် အဖွဲ့အစည်းများနှင့် အဖွဲ့သားများ ပြုပြင်ပြောင်းလဲနိုင်ရန် နယ်ပယ်သုံးခုမှ ခေါင်းဆောင်သုံးဦး၏ အတွေ့အကြုံ လေ့လာချက်များ ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်