ရန်ကုန် နိုဝင်ဘာ ၁၃
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်တွင် အရောင်းဆိုင်အချို့၌ ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာမှုကြောင့် လိုအပ်သောစက်သုံးဆီများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ရန်ကုန်သီလဝါဆိပ်ကမ်းဒေသရှိ Terminal များမှ ယင်းစက်သုံးဆီအရောင်းဆိုင်များသို့ နိုဝင်ဘာ ၁၁ ရက်တွင် ဆီတင်ယာဉ် ၃၃၄ စီးဖြင့် 92 Ron ဂါလန်လေးသိန်းကျော်၊ 95 Ron ဂါလန်တစ်သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန်တစ်သိန်းခုနစ်သောင်းကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန်နှစ်သိန်းခုနစ်သောင်းကျော်အားလည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ဆီတင်ယာဉ် ၂၆၈စီး ဖြင့် 92 Ron ဂါလန်သုံးသိန်းကျော်၊ 95 Ron ဂါလန်ခုနစ်သောင်းခွဲကျော်၊ ဒီဇယ်ဆီ ဂါလန်တစ်သိန်းလေးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် နှစ်သိန်းသုံးသောင်းကျော်အားလည်းကောင်း ဖြည့်တင်းဆောင်ရွက်ပေးခဲ့သဖြင့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ယင်းအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူမှုအခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အခြေအနေအတိုင်းဖြစ်ပါကြောင်းနှင့် လိုအပ်ပါက စက်သုံးဆီများကို လိုအပ်သလို အချိန်မီဖြည့်ဆည်းပေးသွားမည် ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် လိုအပ်သော စက်သုံးဆီများကို လိုအပ်သလိုဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်
