Skip to main content

အာဆီယံတူညီဆန္ဒ(၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံက () အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်အချို့သည် အပြုသဘောဆောင်သည်ကို  မှတ်သားထားပါကြောင်း၊ နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေပေါ် မူတည်၍ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ () မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေသည့်အတွက် နိုင်ငံ့အကျိုးစီးပွားကိုအခြေခံပြီး အကြံပြုချက်များကို အလေးထားစဉ်းစားပေးမည်ဖြစ်ကြောင်း၊ () အကြံပြုချက်များသည် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်()ရပ် အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုပြီး အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်း၊ အာဆီယံစိတ်ဓာတ်တို့ကိုအခြေခံမည်ဆိုပါက အပြုသဘောစဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်နောက်ဆက်တွဲအနေဖြင့် အာဆီယံထုတ်ပြန်ချက်()ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်()ရပ်သည် အာဆီယံလုပ်ထုံးလုပ်နည်းများနှင့်သွေဖည်၍ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် အဓိကသက်ဆိုင်သည့်မြန်မာနိုင်ငံအား မူကြမ်းချပြအသိပေးညှိနှိုင်းမှုမရှိဘဲ ဥက္ကဋ္ဌထုတ်ပြန်ချက်၏နောက်ဆက်တွဲအဖြစ် ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏တူညီဆန္ဒ(ASEAN Consensus)ဖြင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါ။ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနိုင်ငံများ၏ အကြံပြုတိုက်တွန်းချက်များနှင့်  အထက်ပါထုတ်ပြန်ချက်()ရပ်တို့နှင့်ပတ်သက်၍ မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်ကချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်()ရပ်သည် အာဆီယံထုတ်ပြန်ချက်()ရပ်နှင့် အပြန်အလှန်ဆက်နွှယ်မှုရှိသည့်အတွက် ရှေ့လုပ်ငန်းစဉ်()ရပ်ကို အကောင်အထည်ဖော်လျက် တစ်ဖက်တစ်လမ်းကလည်း အာဆီယံထုတ်ပြန်ချက်()ရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့်အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တို့တွင် ရွေးကောက်ပွဲများအား အောင်မြင်စွာ ကျင်းပပြီးစီးပြီးနောက် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၆ခုနှစ်၊ ဇူလိုင် ရက်တွင် ပြည်ထောင်စုလွှတ်တော်၌အာဆီယံ ထုတ်ပြန်ချက် () ရပ်သည် အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏လက်ရှိပကတိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအရေးကြီးအဆိုတစ်ရပ်ကို အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

အဆိုပါ အလွတ်သဘောအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ ပကတိအခြေအနေများကိုအခြေခံ၍ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံကဦးဆောင်သော၊ မြန်မာ့ကိုယ်ပိုင်နည်းလမ်း (Myanmar-owned and Myanmar-led approach) ဖြင့် အာဆီယံနှင့်ဆက်ဆံရေးကို ပုံမှန်ပြန်လည်တိုးတက်စေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန်ချက် ()ရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုတစ်ရပ် အတည်ပြုဆုံးဖြတ်ခဲ့သည့်အပေါ်  မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်၏ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် လေးစားလိုက်နာရန်နှင့် ယင်းဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သည့်ဆောင်ရွက်မှုများ အကောင် အထည်ဖော်ရန်တာဝန်ရှိကြောင်း၊ အာဆီယံအဖွဲ့အတွင်း အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်၍ အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး()ချက်တို့နှင့်အညီ အိမ်နီးချင်းနိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အစဉ်အမြဲအလေးထားကာ အာဆီယံနှင့်အပြုသဘောဆောင်၍ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

အာဆီယံထုတ်ပြန်ချက်()ရပ်အပေါ် ဆွေးနွေးမှုများနှင့် အကောင်အထည်ဖော်မှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် အာဆီယံ၏ အခြေခံမူများဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားရေး၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး စသည့်အချက်များကို လေးစားလိုက်နာသင့်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ ပကတိအခြေအနေများအပေါ်မူတည်၍ အာဆီယံနှင့် အဖြစ်နိုင်ဆုံး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်