Skip to main content

ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ညီနောင် ၃ ဖွဲ့ က တရားဝင်ကြေညာသည်ဟု ကောလာဟလသတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက်ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ကြေညာသည်ဟု သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများဖြစ်သည့် Khit Thit Media နှင့် DVB တို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

တပ်မတော်သည် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု ရရှိပြီးချိန်မှစ၍ သဘောတူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမှုအပေါ် မနာလိုမရှုစိတ်ဖြင့် မဟုတ်မမှန်ကောလာဟလ သတင်းများထုတ်လွှင့်ကာ တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။