ရန်ကုန် ဇွန် ၁၅
နိုင်ငံတော်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါန အဆင့်မြင့်ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များကို(အခမဲ့) ကုသပေးလျက်ရှိရာ ယခု(၁၈)ကြိမ်မြောက်အဖြစ် လူဦးရေ ၁၂၀၀ ခန့် လာရောက်ပြသပြီး ၅၀၀ ခန့် ခွဲစိတ်ကုသပေးခဲ့သည်။
ထို့နောက် လှည်းကူးမြို့နယ် ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာန(VFRDC) ရဲမွန်ဝင်း မြေနိမ့်ကော်ဖီ (Robu-sta) စိုက်ပျိုးထားရှိမှု၊ FunHwa Company Limited ၏ နို့စားနွားမွေးမြူရေးခြံကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
