Skip to main content

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၇

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် (၇) နှစ်မှ (၇၅) နှစ်အထိ စက်ဘီးစီးဝါသနာရှင်များကို ခရာမှုတ်၍ တာလွှတ်ပေးပြီး အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ (Youth Camp) မှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အရှေ့ဘက် (Gate- A)မှ စတင်၍ စုပေါင်းလမ်းလျှောက်ကြပြီး ကွင်းပတ်လမ်းအတိုင်း ဝဏ္ဏသိဒ္ဓိအားကစားရုံ (A,B,C) အရှေ့ဘက်တွင် ပန်းဝင်ကြသည်။

ထို့နောက် စုပေါင်းကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်း အတွဲ ၁ နှင့် ၂ တို့ကိုလည်းကောင်း၊ ခန္ဓာကိုယ်ပေါ့ပါးပြီး တစ်နေ့တာ စိတ်အပန်းပြေစေရန် ပျော်ပျော်ပါးပါးဖြင့် စုပေါင်း၍ Zumba ကစားခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်