Skip to main content

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် မေလစာရင်းအရ အသေးစားငွေရေးကြေးရေး ကုမ္ပဏီများသည် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၂၅ မြို့နယ်ကျေးရွာပေါင်း ၂၄၃၉၃ ရွာရှိ အသင်းဝင်ဦးရေ ၂ ဒသမ ၅၉ သန်းသို့ အသေးစားငွေကြေး ဝန်ဆောင်မှုများ ပေးလျက်ရှိသည်ကို စာရင်းဇယားများအရ တွေ့ရ ကြောင်း၊ အသေးစားငွေရေးကြေး ရေးဝန်ဆောင်မှုများသည် အသင်းဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူ‌ရေး၊ MSME ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အမှန်တကယ် အထောက်အကူပြုရေး အလေးအနက်ထားပြီး ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်