Skip to main content

လေးမျက်နှာမြို့နယ် သခွတ်ချောင်းအုပ်စု၊ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီး  ပေ ၁၅၀ ခန့်ကျိုးပေါက်

လေးမျက်နှာ ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သခွတ်ချောင်းအုပ်စု၊ ငဝန် ရေကာတာ မိုင်တိုင်အမှတ် ၂၅/ အနီး  ဇူလိုင် ၃၁ ရက် နံနက်က အကျယ်ပေ ၁၅၀ ခန့်ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/ အနီး အကျယ်ပေ ၁၅၀ ခန့် ကျိုးပေါက်မှုကြောင့် ညောင်ပင်ဝဲကျေးရွာအုပ်စု (သရက်ကန်ကျေးရွာ၊ ကျောင်းစုကျေးရွာ၊မသဲကုန်းကျေးရွာ၊ လေး အိမ်တန်းကျေးရွာ)ရှိ အိမ်ခြေ ၂၈၆ အိမ်၊ အိမ်ထောင်စု ၂၈၇ စု၊ လူဦးရေ ၁၁၆၆ ဦး၊အမှတ် () ရပ်ကွက် အိမ်ခြေ ၁၄၁  အိမ်၊ အိမ်ထောင်စု ၁၄၃ စု၊ လူဦးရေ ၉၀၅ ဦး၊ အမှတ်()ရပ်ကွက် အိမ်ခြေ ၁၄၇ အိမ်၊ အိမ်ထောင်စု ၁၅၀ လူဦးရေ ၇၉၄ ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးဆောင်စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက  ရေဘေးလွတ်ကင်းရာ နီးစပ်ရာကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်