Skip to main content

မဲဇလီကုန်းမြို့တွင် ကညင်ချောင်းရေတိုက်စား ကမ်းပြိုမှုကြောင့် လူနေအိမ်သုံးလုံး ကြိုတင်ပြောင်းရွှေ့

အင်္ဂပူ  ဩဂုတ်  ၁

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်၊ သဖန်းပင်ရပ်တွင် ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက ကညင်ချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးနှင့်နီးကပ်‌နေသောလူ‌ နေအိမ်းသုံးလုံးကို ဘေးလွတ်ရာသို့ကြိုတင်‌ရွှေ့ပြောင်းသည်။

လူနေအိမ်များ‌ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း‌မှုကို မဲဇလီကုန်းမြို့အုပ်ချုပ်ရေးမှူး ဦး‌ဆောင်သောအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီရွှေ့ပြောင်း‌ပေးသည်။

အဆိုပါ ရွေ့ပြောင်းနေမှုကို အင်္ဂပူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်တို့ကြည့်ရှုအား‌ပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကညင်‌ချောင်းကမ်းပါးနှင့် နီးကပ်‌နေသော ဦးထွန်းထွန်းနိုင်၏ နေအိမ်၊ ဦးလှဝင်း၏နေအိမ်၊ ဦးကိုကိုနိုင်၏ နေအိမ်အပါအဝင်  လူနေအိမ်သုံးလုံးအား ဘေးလွတ်ရာသို့ကြိုတင်ပြောင်းရွှေ့ထားကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)