Skip to main content

Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် မြန်မာအသင်းနှင့် လာအိုအသင်း ယှဉ်ပြိုင်မှု တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၁

Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာလက်ရွေးစင် အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စုဘီပွဲစဉ်များအနက် မြန်မာလက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် လာအိုအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သတင်းစဉ်