Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်

တောင်ကြီး ဩဂုတ် ၅

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲ အုပ်စုပတ်လည် တတိယနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားပွဲစဉ်အဖြစ် အုပ်စု (က) မှ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၉၄ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၆၃ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ခ) မှ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၉၉ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ဂ) မှ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၆၃ မှတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းက နေပြည်တော်အသင်းကို ၅၂ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ဃ) မှ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၈၁ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

အမျိုးသမီးပွဲစဉ်တွင် အုပ်စု (က) မှ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃၈ မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂၉ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ခ) မှ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၅၃ မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၆၀ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-ကိုမင်း