နေပြည်တော် ဩဂုတ် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migra-tion-IOM) ရုံးချုပ်၏ Operations ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ လူကုန်ကူးခံရသူများနှင့် ထိခိုက်လွယ်သော ရွှေ့ပြောင်းလုပ်သားများအား ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ၌ IOM ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် ဝန်ကြီးဌာနအနေဖြင့် လတ်တလောဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီရေးလုပ်ငန်းများ စသည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
