Skip to main content

ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးချုပ် ဂျီနီဗာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၆

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးချုပ် ဂျီနီဗာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organi-zation for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ၏ အချက်အလက်များနှင့်ပတ်သက်၍ ခိုင်မာသည့် Database System တည်ဆောက်ရာတွင် နည်းပညာပံ့ပိုးကူညီပေးနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား (Mutual Recognition of Skills-MRS) လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေးနိုင်ရေးကိစ္စရပ်များနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်