Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Center) ၌ တက္ကသိုလ်အားကစားပွဲများ၊ အနုပညာအသင်းအဖွဲ့များ၊ ဆိုင်ခန်းများ၊ အပန်းဖြေနားနေရန်ထိုင်ခုံများဖြင့် စည်ကားနေစေရေး မွမ်းမံရန်လိုအပ်သည်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် တက္ကသိုလ်အင်းဝစားသောက်ဆိုင်တန်းကို ကြည့်ရှုစစ်ဆေးပြီး ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆိုင်ခန်းများ စနစ်တကျဖွင့်လှစ်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချရေးတို့ကိုမှာကြားသည်။

ထို့အတူ သထုံလမ်းအားကစားရုံ၌ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်နိုင်ရန် ပြုပြင်မွမ်းမံနေမှု၊ ဒဂုံတက္ကသိုလ် အဝင်မုခ်ဦး၊ ပတ္တမြားအဝိုင်း၊ Theatre နှင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြံ့ခိုင်ရေး ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်