Oct 01, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃၀-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Oct 01, 2023
အကြိမ်(၃၀)မြောက် တပ်မတော်ဆေး ပညာနှီးနှောဖလှယ်ပွဲကြီးကို ပြည်တွင်း၊ ပြည်ပမှဆေးပညာရှင်များ၊ ပါရဂူများဖြင့် ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင် - ၇၀၀) တွင် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါကွန်ဖရင့်အကြို အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာ ပါမောက္ခများ၊ စစ်ဘက်နှင့်အရပ်ဘက် အရိုးအထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားသော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး သက်မဲ့ခန္ဓာကိုအသုံးပြု၍ လက်တွေ့လေ့ကျင့်သင်ကြား ဆွေးနွေးခွင့်ရရှိခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံတို့ကို ဖော်ပြလိုက်ပါသည်။
Oct 01, 2023
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၅ (၁) အရ အသက် အရွယ်အိုမင်းပြီး မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့်ရှိရမည်ဖြစ်ပါ၍ အသက် ၆၀ နှစ်အထက်ကို သက်ကြီးရွယ်အိုဟု ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က သတ်မှတ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၅/၁၀၆ ဖြင့် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Older Persons) ဟု အတည်ပြု သတ်မှတ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ် (International Year of Older Persons - IYOP)” ဟု ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၄၇/၅) ဖြင့် သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂက နှစ်စဉ်သက်ကြီးရွယ်အိုများအတွက် ဦးတည်ချက်ဆောင်ပုဒ်များ သတ်မှတ်ပေးလေ့ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” (သက်ကြီးသူများ ဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့) ဖြစ်ပါသည်။
Oct 01, 2023
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာ ကျပ်တန်ငွေစက္ကူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လာရောက်အပ်နှံကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အမိန့်စာတစ်စောင်ထုတ်ပြန်ထားကြောင်း ပျံ့နှံ့လျက်ရှိရာ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ် တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလိုပြန်လည်ပြောကြားပါသည်။
Oct 01, 2023
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Oct 01, 2023
မြဝတီကုန်သွယ်ရေးဇုန်၌ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၉ မှ ၂၂ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ခုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း(အေးခဲ)၊ ကဏန်းနှင့် CMP ပစ္စည်းများဖြစ်ပြီး ဂေါ်ဖီ၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)နှင့် ကော်ဖီစေ့တို့ကိုလည်း တင်ပို့ခဲ့သည်။
Oct 01, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 01, 2023
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌ ယနေ့မှအောက်တိုဘာ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံတပ်မတော်များ၏ ဘော်လီဘောပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်မည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး ဇော်မင်းစိုး ဦးဆောင်သည့် မြန်မာ့တပ်မတော်ဘော်လီဘောအသင်းမှအဖွဲ့ဝင် ၂၀ တို့သည် ရန်ကုန်မြို့မှ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့သို့ ထွက်ခွာသည်။
Oct 01, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
Oct 01, 2023
မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းရည်မှန်းချက်နှစ်ရပ်သည် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပြည်သူပြည်သားအားလုံး မပူမပင်မကြောင့်မကြဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဟုခံယူပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။
Oct 01, 2023
လက်နက်ကိုင်ပဋိပက္ခများရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ နိုင်ငံမပြိုကွဲ၊ မပျက်စီးရေး၊ ငြိမ်းချမ်းရေးတို့အတွက် နည်းလမ်းအမှန်ဖြစ်သည်။ ပဋိပက္ခကျရောက်ရာ ဒေသနှင့်ဒေသတွင်းနေ ပြည်သူလူထုအပေါ် ဘေးဒုက္ခကျရောက်မှုနှင့် ထိခိုက်ခံစားရမှုတို့ အသက်သာဆုံး၊ အနည်းပါးဆုံးလည်းဖြစ်သည်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ ရှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
Sep 30, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၉-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 30, 2023
နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်သည်။
Sep 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
Sep 30, 2023
ယနေ့ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်) တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်း တရားဝင်ငွေအဖြစ်မှ ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပါသည်။
Sep 30, 2023
၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Sep 30, 2023
Malaysia Anti-Corruption Academy (MACA) မှ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation and Prosecution in Intelligence Based Investigation (IPIBI) Cases သင်တန်းသို့ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက သင်တန်းအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Sep 30, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရဲနွယ်သမ ‘စံပြ’ကျေးရွာသို့ သွားရောက်ပြီး ရဲနွယ်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခ မျိုးစပါးစိုက်ခင်း ၃၄၉ ဧကနှင့် GW-11 မျိုးစပါးစိုက်ခင်း ဧက ၁၀၀ စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 30, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက် အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
Sep 30, 2023
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နိုင်ခြင်းနှင့် ဒေသအတွင်းလျှပ်တစ်ပြက်(Flash Flood)ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်စီမံခန့်ခွဲနိုင်ရန်လိုကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုကြောင့် တိရစ္ဆာန်အစာရေစာများ ရှားပါးလာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ကြရန် ရေအလေအလွင့်မရှိစေရေးအတွက် မိုးကာလမကုန်မီ ရေရရှိနိုင်သလောက် စုဆောင်း၍ သိုလှောင်ထားကြရန် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။
