Skip to main content

Nov 06, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီများ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးပေးနေမှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး (ယာပုံ) လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမ အသင်းမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် မျိုးစပါးများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးခဲ့သည့် GW-11၊ နှံကောက်၊ ကြားပျံ၊ ပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ပျိုးခဲ့ရာ ယခုချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း(အပေါ်ပုံ) မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်လာသော အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ အများပြည်သူ အကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ကြသည်။ အစိုးရက မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ပေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ထမ်းများက အကောင်အထည်ဖော်ကြသည်။ ပြည်သူများကလည်း စောင့်စည်းရမည့် ကျင့်ဝတ်စည်းကမ်းများဖြင့် နေထိုင်လုပ်ကိုင်ပြီး မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရသည်။ ထိုလူ့အဖွဲ့အစည်းသည် စည်ပင်သာယာ၍ ထွန်းကားတိုးတက်မည်သာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2023

မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည့် နောက်ဆုံးစစ်ပွဲဖြစ်သော အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကို သမိုင်းဆရာအချို့က “စစ်ပွဲဟုအမည်မတပ်သင့်သောစစ်ပွဲ”ဟု ဆိုကြသည်။ သီတင်းနှစ်ပတ်ပင် မပြည့်သောထိုစစ်ပွဲတွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှတို့၏သင်္ဘောများမှာ ခုခံတိုက်ခိုက်မှုအနည်းငယ်မျှကိုသာ တွေ့ကြုံခဲ့ကြရပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြသည်။ သီပေါဘုရင်နှင့်မိသားစုကို နိုဝင်ဘာ ၂၉ ရက်တွင် သင်္ဘောဖြင့်ရန်ကုန်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်ခဲ့သည့် နန်းတော်တွင်းအခြေအနေနှင့် မြင်ကွင်းများမှာ ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာနိုင်လှပြီး ကမ္ဘာအရပ်ရပ်တွင် ကျူးကျော်မှုအတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်သည့် ဗြိတိသျှတပ်များကပင် အခြေအနေကို ရှုပ်ထွေးအောင်ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးရွာ၌ အခြေပြု၍ ဒေသခံပြည်သူ ၁၂၃၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၄-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၈၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၆) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2023

၁။ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်  လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊  အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်တွင် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့အနက် ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်နေမှုများနှင့် ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး နည်းပညာများ လေ့ကျင့်သင်ကြားပေးနေသူ ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ ဝါးလက်မှု ဦးကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့ နယ်အတွင်း၌ တရားမဝင် အခြားသစ် ၂ ဒသမ ၃၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈၀၂၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်