Sep 15, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၄-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၄၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Sep 15, 2023
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်း Asia-Pacific Institute for Broadcasting Development (AIBD)က ကျင်းပသည့် အားကစားသတင်း အစီအစဉ်ထုတ်လွှင့်မှုနှင့် သတင်းအတတ်ပညာ အခြေခံသဘောတရားဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
Sep 15, 2023
ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၆ ရက်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့်ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ်အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်း အခမ်းအနားကို ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Sep 15, 2023
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။
Sep 15, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့၌ ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Sep 15, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 15, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ပင်မစစ်လက်နက်ပစ္စည်းတပ် အစည်းအဝေးခန်းမ၌ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု၊ ဓာတ်ပုံ ရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
Sep 15, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှတရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
Sep 15, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာသုံး စိုက်ခင်း ယူကလစ်၊ ရှား ၇၅ ဧကနှင့် ၂/၂၀၂၃ ရေဝေရေလဲစိုက်ခင်း ယူကလစ်၊ ရှား၊ ဒဟတ် ၇၅ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ယင်းဆိပ်အမြဲတမ်းပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင်ပေါင်း ၆၁၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 15, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာ တောင်သူဦးကျော်မြင့်၏လယ်တွင် ဆောင်ရွက်လျက်ရှိသည့် Solar စနစ်ဖြင့် မြေအောက် ရေတင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Sep 15, 2023
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Sep 15, 2023
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အောက်တိုဘာတွင် ယှဉ်ပြိုင် ရမည့် ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲမတိုင်မီထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Sep 15, 2023
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်(ပုသိမ်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကို စက်တင်ဘာ ၁၃ ရက်က ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Sep 15, 2023
စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ရဲအရာရှိနှင့် ဇနီးဖြစ်သူတို့သေဆုံးကာ နှစ်နှစ်အရွယ်သားဖြစ်သူ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Sep 15, 2023
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဗန်မော်တက္ကသိုလ်တွင် “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့် ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ် အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်းအခမ်းအနားကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်က ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာပါမောက္ခချုပ်ဒေါက်တာ နေသွယ်ကြည်က အမှာစကားပြောကြားသည်။
Sep 15, 2023
(၂၀၂၃)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ပထမအကြိမ် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲ သို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့်နေ့ရက်နှင့်နေရာကို ကျန်းမာရေး ဝန်ကြီးဌာန၏ Facebook Page(Ministry of Health, Myanmar), Website (www.moh.gov.mm), ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏
Sep 15, 2023
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)ကျေးရွာ၌ ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သီရိမင်္ဂလာကျောင်းတိုက်၌ သစ်တွန်ကျေးရွာအုပ်စု (ကျေးရွာ-၁၁)ရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းများ၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Sep 15, 2023
အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ Mr. Lan Tianli နှင့် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
Sep 15, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀)မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ စင်းလုံးငှားလေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ကြသည်။
