Skip to main content

Jul 26, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား ရုံးချုပ် တရားသူကြီးချုပ် H.E. Mr . Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြရာ ပြည် ထောင်စု တရားလွှတ် တော်ချုပ် တရားသူကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2023

မြန်မာပြည်တွင် ကောလာဟလသတင်းစကားကြောင့် လူမှုဘဝနယ်ပယ်၌ ပုံမှန်အခြေအနေမှ သွေဖည်ကာ လှုပ်လှုပ်ရှားရှားအဖြစ်မျိုး မကြာခဏတွေ့ကြုံ ဖူးပါသည်။ အမှန်တကယ်ဖြစ်စဉ် တစ်ခုကိုအကြောင်းပြု၍ ကောလာဟလသဘော ဆောင်သည့် ချဲ့ကားသတင်းစကား များကြောင့် လူမှုစီးပွားဘဝနယ် ပယ်တွင် ဂယက်ရိုက်ခတ်မှု အနည်းအများအပေါ်မူတည်၍ ရလဒ်များကို ပြည်သူများခံစားကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2023

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း စဉ့်ကိုင်မြို့နယ်အတွင်း မိုင်တိုင် (၃၇၂/၃-၃၇၁/၂၄) တွင် မသမာသူများက ယုတ်မာပက်စက်သော အကြံဖြင့် ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက် မူလီများနှင့် သံလမ်းထိန်းကလစ်များကို  ဖြုတ်ယူဖျက်ဆီးထားမှုကြေင့် မြစ်ငယ်- ရွာသာကြီး ခရီးစဉ်ပြေးဆွဲနေသည့် ကုန်ရထားတစ်စင်း လမ်းချော်မှု ဇူလိုင် ၂၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် မြန်မာနိုင်ငံရထားပို့ဆောင်ရေးတွင် အဓိကကျသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပေါ်၌ ရက

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ် ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူခြင်း အခမ်းအနား၊ ကျောက်စာရုံစေတီများ

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့ လမ်းကြောင်းပြန်လည်အသုံးပြု သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟားခါးမြို့နှင့် ထန်တလန်မြို့တို့မှ မြို့မိမြို့ဖများ၊ ဘာသာရေးဆရာတော်များ ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၉၀၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများ တွေ့ဆုံပွဲတွင်ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဆက်လက်အကောင် အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

ကျန်းမာရေးဝန်ကြီးဌာနတွင် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ Stadium (B)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမျက်နှာတော်မူရာ တူရူအရပ်တွင် ဝိဇယဘူမိနိမ္မာနအောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2023

နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို လာမည့်ဇူလိုင်လ (၃၁) ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်ရာ ပြည်တွင်း၌ဂယက်ရိုက်ခတ်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်းထုတ်ဝေမည့် ငွေစက္ကူအမျိုးအစားသစ်နှင့် စပ်လျဉ်း၍ အများပြည်သူသိရှိရန်လိုအပ်သည့် သတင်းအချက်အလက်များပြည့်စုံစွာဖြင့် သတင်းထုတ်ပြန်ခဲ့စေကာမူ ပြည်တွင်းပြည်ပမှမသမာသူများနှင့် ဝိသမလောဘသမားများ၏ ခြောက်လုံးလှန့်လုံးများ၊ ကောလာဟလများပါ ရောနှောပျံ့နှံ့လာခဲ့ပြီး ရွှေနှင့်ငွေကြေးဈေးကွက်အပါအဝင် ဈေးကွက်အသီးသီးတို့ကို ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်