Jul 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 27, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 27, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်သည် ဆိုက်ဘေးရီးယန်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအသင်း (Siberian Association for International Cooperation) ဥက္ကဋ္ဌ မစ္စတာပါးဗျောအော်စတာဗျော့ဟော်ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းကနေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 27, 2023
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 27, 2023
အမျိုးသားညီညွတ်ရေးအစိုးရအမည်ခံ NUG အကြမ်းဖက်အဖွဲ့ စတင်ပေါ်ပေါက်ချိန်မှစကာ ပြည်တွင်းရှိဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အကြမ်းဖက်တိုက်ခိုက်ရန် လူမှုကွန်ရက်မှတစ်ဆင့် မူဝါဒချမှတ်လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်ကို ပြည်သူများ အမှတ်ထင်ထင်ရှိနေသေးသည်။ ဝန်ထမ်းများ ရုံးမတက်ရန်၊ ကျောင်းသူကျောင်းသားများ ကျောင်းမသွားရန် တားမြစ်ခြင်းနှင့်အတူ အုပ်စုဖွဲ့ဖိအားပေးမှုများ၊ အကျပ်ကိုင်ခြိမ်းခြောက်မှုများကိုလည်း အုံနှင့်ကျင်းနှင့်ပြုလုပ်ခဲ့ကြပြီး မည်သည့်အကြောင်း ကြောင့်ပင်ဖြစ်စေ ၎င်းတို့ဘက်မပါသူမှန်သမျှကိုလည်း ရန်သူအဖြစ်သတ်မှတ်ခဲ့သည်ကို အားလုံးသိကြပြီးဖြစ်သည်။
Jul 27, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၀၄၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်းရှိပါသည်။
Jul 27, 2023
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏သားဖြစ်သူအပါအဝင် ဆရာ ဆရာမ ငါးဦး စုစုပေါင်းခုနစ်ဦးတို့အား ဇူလိုင် ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ဇူလိုင် ၂၂ ရက်တွင်လည်း အဆိုပါကျောင်းသို့ စိုက်ပျိုးရေးပညာရပ်များ လာရောက်သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
Jul 27, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jul 27, 2023
အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်
Jul 27, 2023
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Jul 27, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၆ ရှိ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Jul 27, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 27, 2023
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 27, 2023
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
Jul 27, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုရား၊ စေတီနှင့်သာသနိက အဆောက်အဦများအားသွားရောက်ကြည့်ရှုပြီး ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jul 27, 2023
Elevate Broadcast က ဦးဆောင်ကျင်းပသည့် Asian Academy Creative Awards Masterclass နှင့်Producers Summit 2023 ကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အယ်ဒီတာများ၊ သတင်းထောက်များ၊ အစီအစဉ်ထုတ်လုပ်ရေးမှူးများနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်း/အမှုထမ်းခုနစ်ဦးတို့သည် နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်တို့မှ ပါဝင်တက်ရောက်ကြသည်။
Jul 27, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရှိ St.Regis ဟိုတယ်သို့ရောက်ရှိခဲ့ပြီး အဆိုပါဟိုတယ်၌ပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး H.E.Mr. Nadiem Anwar Makarim က ကြိုဆိုဧည့်ခံသော Gala Dinnerသို့ တက်ရောက်ခဲ့သည်။
Jul 27, 2023
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင် ၂၄ ရက်နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Nabanita Chakrabarti နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Jul 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 27, 2023
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
