May 16, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများမှ မူကြိုနှင့် KG+9 အထိ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၆) ရှိ ရတနာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
May 16, 2023
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာကြူအာ (Myanmar Quick Respond - MMQR) အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်သည့် Digital Payment Switch အား Industry နှင့် စတင်မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရုံးချုပ်) ရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
May 16, 2023
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြန်မာပြက္ခဒိန်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် (၁၃၁) အနုပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
May 16, 2023
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ် တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများက
May 16, 2023
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှု တစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင် ဖြစ်သည်။
May 16, 2023
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကိုစစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူလူထုအား နိုင်ငံရေးဝါဒမှိုင်းတိုက်ပြီး နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ဆောင်ရွက်လိုသူများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် NUG ၏ လက်ဝေခံဖြစ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများကို ဥပဒေမဲ့ တရားမဝင်ဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပါသည်။
May 16, 2023
မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 16, 2023
၁။ ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့်ရှာဖွေကာ တရားမဝင်ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။ မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများလက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန်မရွေးပြောင်းလဲသွားနိုင်ပြီး တရားမဝင်ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တလွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တလွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
May 16, 2023
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အားကစားအဖွဲ့များလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
May 16, 2023
မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
May 16, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည့်အတိုင်း ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်း မတူပီမြို့အနီးမှ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) တို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
May 16, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်စပ်လျဉ်း၍ လေဖိအားနည်း ရပ်ဝန်းမဖြစ်ပေါ်သေးမီကပင် ကြိုတင်ခန့်မှန်းမှုများပြုလုပ်ကာ မျက်ခြည်မပြတ်စောင့်ကြည့်မှုများ၊ ကြိုတင်သတိပေး ပြင်ဆင်ရွှေ့ပြောင်းမှုများ ပြုလုပ်နိုင်ခဲ့သဖြင့် အဖျက်စွမ်းအား ကြီးမားလှသည့် မုန်တိုင်းကြီးတိုက်ခတ်သွားမှုတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ လွန်စွာနည်းပါးလှခြင်းဖြစ်သည်။ သို့ရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားသည့်အလျောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။
May 16, 2023
မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
May 16, 2023
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏အရှိန်ကြောင် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များလဲကျခြင်း၊ သစ်ပင်သစ်ကိုင်းလဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။
May 15, 2023
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "မိုခါ" (MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရသည်။
May 15, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မေ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာထားပြီးဖြစ်သည်။
May 15, 2023
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှု များပေးနိုင်ရန် စစ်ရေယာဉ် (၅၅၄) သည် တပ်မတော် (ရေ) မှ ကြက်ဥ ၅,၀၀၀ လုံး၊ ကြက်သား ၅၀၀ ပိဿာခန့်၊ ခေါက်ဆွဲခြောက် ၁၀၀ ဖာနှင့် ၁ လီတာရေသန့် ၆၀၀ ကတ်တို့အား တင်ဆောင်၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ မေ ၁၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၆) ရေတပ်ဆိပ်ခံတံတား (ကျောက်ဖြူမြို့) မှထွက်ခွာခဲ့ရာ အမှတ် (၁၄) ရေတပ်ဆိပ်ခံတံတား (စစ်တွေမြို့) သို့ ယနေ့ညနေ ၃ နာရီခွဲတွင်ရောက်ရှိခဲ့ပြီး သယ်ဆောင်လာသည့် ကြက်ဥ၊ ကြက်သား၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများအား မုန်တိုင်းဒဏ်သင့်ပြည်သူများသို့ပေးဝေခဲ့ပြီး ရသေ့တောင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။
May 15, 2023
ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
