Skip to main content

Jan 04, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ် အခါသမယမှာ နိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

နိုင်ငံတော်သည် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ စာပေမျက်စိကို အလင်းဖွင့်ပေးရေး အတွက် ဆောင်ရွက်နေသည့် စာပေဗိမာန်နှင့် မြန်မာစာပေအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် စာပေပညာရှင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ကျင်းပခဲ့သည့် စာပေဗိမာန် (၇၅)နှစ် ပြည့် စိန်ရတုအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက စာပေရန်ပုံငွေအတွက် ငွေကျပ်သိန်းပေါင်း ၂၂၁၅ သိန်းကို လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစ၍ဖိတ်ခေါ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီတွင် နောက်ဆုံးပေးပို့ရန် ဖိတ်ခေါ် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ တည်းခိုနေထိုင်ကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)၌ တည်းခိုနေထိုင်ကြသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

ယနေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့တစ်နေ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ မြန်မာ့သမိုင်းတွင် တစ်မူထူးခြားသည့် စိန်ရတုလွတ်လပ်ရေးနေ့ကို အထူးဂုဏ်ပြုအသိအမှတ်ပြုရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

ယနေ့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၇၅ နှစ်တာသမိုင်းတွင် အကြီးကျယ် အခမ်းနားဆုံးဖြစ်သည့် စိန်ရတုလွတ်လပ်ရေးနေ့ အောင်ပွဲသဘင်ကို နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဆင်ယင်ကျင်းပသည့်နေ့ ဖြစ်သည်။ နှစ်စဉ် လွတ်လပ်ရေးနေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်း၌ ကျင်းပရခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ရာစုနှစ်နှင့်ချီ၍ အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ကာ ရုန်းကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ ကျေးဇူးတရားတို့ကို အောက်မေ့သတိရကြရန်၊ အခြားကမ္ဘာ့နိုင်ငံများနှင့်တန်းတူ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော နိုင်ငံသားများဟူသည့် ဘဝကိုလေးစားမြတ်နိုး တန်ဖိုးထားနိုင်ကြစေရန်၊ ငြိမ်းချမ်းသာယာ ဝပြောသော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို နိုင်ငံသားများ၊ တိုင်းရင်းသားများ အားလုံးက တစည်းတလုံး၊ တညီတညွတ်တည်း ကြိုးပမ်းတည်ဆောက်နိုင်ကြစေရန်ဟူသည့် ရည်ရွယ်ချက်များ ပါဝင်ကိန်းအောင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2023

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လွတ်လပ်ရေးနေ့တွင် အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ကျော်မျိုးသူ အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2023

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUGI CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်၊ စာပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်