Skip to main content

Jan 01, 2023

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်

ဆက်လက်ဖတ်ရှုရန်

Jan 01, 2023

ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ် နှစ်သစ်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ မကောင်း သောအမှုများကို ချေဖျက်ပြီး နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အေးချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန် နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2023

ယနေ့သည် ခရစ်နှစ် ၂၀၂၃ ခုနှစ် အစပြုသည့် နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သည်။ ၂၀၂၂ ခုနှစ်သည် ယမန်နေ့တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော အချိန် ကာလ ယန္တရားကြီးကို ပိုင်းခြားစိတ်ဖြာ၍ ယနေ့၊ ယမန်နေ့၊ နှစ်သစ်၊ နှစ်ဟောင်း စသည်ဖြင့် ဆိုကြစေကာမူ အချိန်ကာလသည် တစ်ဆက်တစ်စပ်တည်းသာ ဖြစ်သည်။ ယမန်နေ့က ကျန်ရစ်ခဲ့သည့် ပြုဖွယ်ကိစ္စတို့ကို ယနေ့ဆက်လက်ဆောင်ရွက်ရဦးမည်။ အတိတ်ကာလ၏ ဆိုးမွေကောင်းမွေတို့ကို ပစ္စုပ္ပန် တွင် ခံယူ၍ အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ကြရဦးမည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၀-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၅၁) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေးအတွက်လည်း တရားဥပဒေစိုးမိုးရေးတာဝန်များကို နေ့ညမပြတ်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ခေတ္တတည်းခိုနေထိုင်သည့် နေပြည်တော်ရှိဘုရင့်နောင် ဧည့်ရိပ်သာ၌ သွားရောက်တွေ့ ဆုံနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “ရနန္ဒက” ဆင်ဖြူတော်ပုံဖြင့် (၂၀၀ ကျပ်တန်) အထူးထုတ်စာပို့တံဆိပ် ခေါင်းသစ် (၁)မျိုးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၉) နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန်အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ကျင်းပကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ - ကျုံကဒွန်း - ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၅) မှ တည်ဆောက်နေသည့် ဘားလား တူးမြောင်းတံတား၊ ဘားလားချောင်းတံတားဟောင်း တံတားနှင့် ဖက်လက်တံတား တည်ဆောက်ရေး စီမံကိန်းနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တော-ကြိမ်ချောင်း ကားလမ်း အောင်ဇေယျ ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရား၀င် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Mond တံဆိပ် စီးကရက်တောင့် ၇၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Daihatsu Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၆၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ထားဝယ်အကျဉ်းထောင်ကိုလည်းကောင်း၊ ယနေ့တွင် ထားဝယ်မြို့မရဲစခန်း အချုပ်ခန်းကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

လာအို - မြန်မာ - ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ ဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Seson-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကား စတူဒီယို(အေ)တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး လုပ်ငန်းများထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှုမရှိစေရန် မြေယာမူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိသကဲ့သို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူ‌ရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင် ရေးကိုလည်း စနစ်တကျ အားပေးမြှင့်တင်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၉)ကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2022

မြန်မာတို့၏ ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်