Oct 14, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 14, 2022
(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။
Oct 14, 2022
မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏တန်ဖိုးကို သတ်မှတ်ရာ၌ သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကာကွယ်ရေးစွမ်းပကား မြင့်မားမှုအတိုင်းအတာဖြင့် သတ်မှတ်ကြသည်။ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းပကားတို့တွင် ထိပ်တန်းနိုင်ငံအဖြစ်ရပ်တည်နေပါက ထိုနိုင်ငံကို အထင်ကြီးလေးစားကြသည်။ ထိုမျှသာမက အဆိုပါနိုင်ငံများ၏ သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုအခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိသည်။
Oct 14, 2022
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၉ ရက်နေ့)တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးဘုရားပွဲတော်တစ်ခု ဖြစ်သည့်အားလျော်စွာ ဘုရားဖူးခရီးသည်များ မပြတ်ရှိနေပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တို့ဆုံပါက တောင်လုံးညွတ်မျှစည်ကားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်မားနေသည့် ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာ၊ လူစုလူဝေးတို့ကို ကန့်သတ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ ပြန်လည်ဖြေလျှော့လာနိုင်သည့်ကာလတွင် နိုင်ငံတစ်ဝန်းရှိ ဘုရားပုထိုးများနှင့် အပန်းဖြေရာနေရာများတွင် ကုသိုလ်ယူ၊ အပန်းဖြေသူများနှင့် ပြန်လည်စည်ကားလာသည်။
Oct 13, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ ဆက်လက်တက်ရောက်စိစစ်ရွေးချယ်သည်။
Oct 13, 2022
၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Max Hotel ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 13, 2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ညနေပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပသည့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 13, 2022
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Oct 13, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
Oct 13, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 13, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
Oct 13, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
Oct 13, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရုရှားကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
Oct 13, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 13, 2022
၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံကကြီးမှူး၍ (၂၈)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC)ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ Sokha Phnom Penh Hotel ၌ ကျင်းပပြီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Samdech HUN SEN တက်ရောက်၍ ဖွင့်လှစ်ပေးသည်။
Oct 13, 2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်) တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 13, 2022
လူ့သမိုင်းတစ်လျှောက်လုံးတွင် လူသားတို့သည် အဆင့်ဆင့်သော ပြောင်းလဲမှုများကို ဖြတ်သန်းလာခဲ့ရပြီး လူသားတို့၏အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲမှုများသည်လည်း အရှိန်အဟုန်မြင့်မားလာခဲ့ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသော အရာများအပေါ်တွင် သက်ရောက်မှုရှိသော စက်မှုတော်လှန်ရေး သည်လည်း လူ့သမိုင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
Oct 13, 2022
လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လူသားတို့အဆင်ပြေပြီး သက်တောင့်သက်သာ နေထိုင်နိုင်ရန် ထုတ်လုပ်သုံးစွဲနေသော ပစ္စည်းများထဲမှ နေ့စဉ်အသုံးပြုနေသော ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် အအေးခန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ အဆိုပါပစ္စည်းများတွင် အသုံးပြုသည့် အအေးပေး ဓာတုပစ္စည်းများဖြစ်သော ဒြပ်ပစ္စည်းများကြောင့် လေထုထဲမှာရှိတဲ့ အိုဇုန်းလွှာ ပါးလွှာပျက်စီးနေသည်ကို သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ပါသည်။
Oct 13, 2022
၁။ မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့်လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ် ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။
