Skip to main content

Jan 14, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂/၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စိုက်ခင်း(ကျူး)ရပ်ကွက်နေ ဝေယံထွန်း(ခ)ဝင်းရိုး(ဘ) ဦးကြည်ရွှင် အပါအဝင်(၃)ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(ဃ/၇)မာဃလမ်း၊ အပိုင်း(၃)၊ (၂)ရပ်ကွက်နေ ဗိုလ်ဗိုလ်မင်း (ခ) ခေတ်ဆောင်မှူး (ဘ) ဦးခင်အေး တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သန္တာ(၁၅)လမ်းနေ ပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်း တက်ရောက်ခြင်း၊ လှိုင်သာယာမြို့နယ်၊ ရာအိမ်မှူးတစ်ဦးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်းနှင့် ဘုရားလမ်းမီးပွိုင့် အနီးရှိ ယာဉ်ထိန်းရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ခြင်း တို့ကြောင့်လည်းကောင်း၊ စိုးသူထွန်း(ဘ) ဦးသန်းထွန်းသည် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (က)အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ၎င်းတို့အား“ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္လာမန္တလေး အိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ်ပေး) ကုမ္ပဏီ သို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင်ထားသည့် လူလေးဦးမှ ဝင်ရောက်လာကာ ဝန်ထမ်း များအား ခြိမ်းခြောက်၍ ကုမ္ပဏီရှိ ငွေကျပ် သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်းပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် PDF အမည်ခံ အကြမ်းဖက်သမားများက မရသိမ် ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်း စခန်းချအခြေပြုလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ချေမှုန်း ဖမ်းဆီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောပြည်သူများ လျှပ်စစ်မီးအသုံးပြုရန် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စုဦးရေ စုစုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရယူသုံးစွဲလျက်ရှိသည်။ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရန် အဓိကအားဖြင့် ရေအားလျှပ်စစ်မှထုတ်လုပ်ပြီး ထပ်မံလိုအပ်သည် များကို သဘာဝဓာတ်ငွေ့သုံးနှင့် အခြားဓာတ်အားပေးစနစ်များဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2022

လူတိုင်းစာဖတ်ကြဖို့လိုသည်။ စာဖတ်သူက စာမဖတ်သူထက် ပို၍အသိပညာဗဟုသုတ နယ်ပယ် ကျယ်ပြန့်သည်။ ခေါင်းတစ်လုံးပို၍ မြင့်သည်။ စဉ်းစားဉာဏ် နှင့် ဆင်ခြင်တုံတရားတို့ ပိုသည်။ စာဖတ်သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် ပျိုးထောင်ပေးခြင်းဖြင့် ကလေးဘဝ၊ လူငယ်ဘဝ ကတည်းက စာဖတ်သည့် အကျင့် စွဲလာသည်။ စာပေမှရရှိသည့် အသိသုတတို့က ဘဝ လမ်းကြောင်းကို မတိမ်းမစောင်းအောင်၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်အောင် ထိန်းကျောင်းပေးနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဦးစီးဌာနများမှ တိုင်းတာဝန်ခံများ၊ ဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်တွင်းထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများကို ပြည်ပသို့ တင်ပို့မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၊ အစည်းဝေးခန်းမဆောင်၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များကို ဆွေးနွေးခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရေးသားပြုစု ထုတ်ဝေသော “ကဗျာစပ်ချင် အတတ်သင်” စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2022

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်း‌တော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် Shenzhen ဗုဒ္ဓဘာသာ အဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်းတော်ကြီးကျောင်း ဆရာတော် Venerable Master YinShun က လှူဒါန်းသော တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ် − ၁၉ ရောဂါကာကွယ်ဆေး ၅၀၀၀ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်း‌တော်ကြီး၏ ဘုရားခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်