Jan 12, 2022
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျိုင်းတုံအကျဉ်းထောင်နှင့် ကျိုင်းတုံမြို့မရဲစခန်း၊ တရားရုံးအချုပ် ခန်းများကိုလည်းကောင်း၊ ယနေ့တွင် တာချီလိတ်မြို့မရဲစခန်း၊ တရားရုံးအချုပ်ခန်းများကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 12, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) တာဝန်ကျ အကောက်ခွန်အဖွဲ့မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေးခဲ ဘဲသား ၂၀၈၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)၊ အေးခဲကြက်နက်သား ၉၇၅ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၅၀၀၀၀) နှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၈၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။
Jan 12, 2022
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက် ရန်ကုန်ပုသိမ်ကားလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးကို ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားနှစ်ဦးကို ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ခြောက်တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
Jan 12, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 12, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၄ ဦး၊ အမျိုး သမီး ၁၁၁ ဦး၊ စုစုပေါင်း ၂၄၅ ဦးနှင့် ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Jan 12, 2022
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။
Jan 12, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၀ -၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူသော မီးသတ်ယာဉ် ၁၁ စီး လွှဲပြောင်းပေးအပ်ခြင်းနှင့် လေ့ကျင့်ရေးမျှော်စင် (RESCUE Training Tower) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 12, 2022
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက်အဦ၌ ကျင်းပသည်။
Jan 12, 2022
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ရာတွင် နယ်ချဲ့ လက်သစ်များ၏ သွေးထိုးသပ်လျှိုပေးမှုနှင့် ပြည်ပအားကိုးအမျိုးသား သစ္စာဖောက်များက တိုင်းပြည်ပျက်စီးရေးကို အမျိုးမျိုး နှောင့်ယှက်လုပ်ကိုင်လျက်ရှိသည်။ တိုင်းပြည်အတွင်း၌ ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ အချင်းချင်းစိတ်ဝမ်းကွဲပြားပြီး တည်ငြိမ်အေးချမ်းမှု မရှိရေး တို့ကို တစိုက်မတ်မတ် လုပ်ကိုင်ဖျက်ဆီးနေကြသည်။ နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက်ဆောင်ရွက်ရမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အလှမ်းဝေးနေမည်ဖြစ်သည်။
Jan 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဟူသော အချက်တစ်ချက်လည်း ပါဝင်သည်။ နိုင်ငံတော်တာဝန်ကို ယူထားစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့် တုံ့ဆိုင်းမသွားစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
Jan 11, 2022
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များ အား ပညာသင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလျက်ရှိသည်။
Jan 11, 2022
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား အကြမ်းဖက်သမားများက ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း သိရသည်။
Jan 11, 2022
ကရင်ပြည်နယ်၊ မြဝတီမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်ရန် Argon Gas အရည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်အား ယနေ့ညနေပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
Jan 11, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီ ၁၀ ရက်တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေသူ ကွမ်းခြံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် စည်သူအောင် (ဘ)ဦးဆန်းညွန့်ဦး ဖြစ်ကြောင်း သိရှိရသည်။
Jan 11, 2022
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရတ် ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Jan 11, 2022
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်နေ့တွင် ပုံမှန် အခြေအနေထက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မှု (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထု အနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်းကို “နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော စက်ရုံကြီး များ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့် အခြေအနေနှင့်စပ်လျဉ်း၍ အများပြည်သူ သို့ပန်ကြားချက်” ဖြင့် အသိပေးပန်ကြားခဲ့ပြီး ဖြစ်ပါသည်။
Jan 11, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 11, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ ကျောင်းစု လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုး ရေခြွေတာရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၊ သီးနှံပုံစံများ ဖြန့်ဝေပေးရန်၊ တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲစိုက်ပျိုး နိုင်ရန်လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေး အစီအမံများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
Jan 11, 2022
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း” များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
