Skip to main content

Jul 18, 2021

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်မှ သတင်းမီဒီယာသမားများ ကျင့်ဝတ်နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ သတင်းရယူ နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် သတင်းမီဒီယာနည်းဥပဒေစာအုပ် များကို

ဆက်လက်ဖတ်ရှုရန်

Jul 18, 2021

ရန်ကုန်မြို့ အင်းယားစင်တာတွင် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးကုသပေးလျက်ရှိရာ တစ်ရက်လျှင် လူနာရာကျော် ပြန်လည်သက်သာလျက်ရှိပြီး တက်ရောက်သောလူနာတို့ အတွက် လိုအပ်သော အောက်ဆီဂျင်ကို နိုင်ငံတော်မှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကာ ကုသမှု ပိုင်းတွင် သက်ရောက်မှုနှင့် အရေးပေါ်လိုအပ်သော အောက်ဆီဂျင်အရည် လှူဒါန်းလိုသူများ လိုအပ်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းပေးလျက်ရှိပြီး လိုအပ်သည့် နေရာ များသို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2021

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ရန်ကုန် တိုင်းဒေသကြီးအတွင်း ခရီးသည်များအား ဝန်ဆောင်မှုပေးလျက်ရှိသော အငှားယာဉ်/ စီးတီး တက္ကစီယာဉ်များအား မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင် ရေးယာဉ် မှတ်ပုံ တင်ခြင်းလုပ်ငန်း ဝန်ဆောင်မှုများကို လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယအကျော့ အခြေအနေတစ်ရပ်ကြောင့် ဇူလိုင် ၁၅ ရက်မှစတင်ကာ ယာယီရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း YRTC ရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2021

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရေလုပ်သား များနှင့် ရေလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများအား ပြန်လည်ကုစားနိုင်ရေး၊ ငါးလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေး၊ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရရှိစေရေး၊ ပြည်တွင်း ငါးရိက္ခာဖူလုံစေရေး၊ ရေလုပ်သားများ အခွင့်အလမ်း အမြန်ဆုံးပြန်လည် ရရှိစေရေးနှင့် ၎င်းတို့မိသားစု၏ လူနေမှုဘဝ အဆင်ပြေ စေရေးတို့ကို ရည်ရွယ်၍ ငါးမဖမ်းရကာလ (မေ၊ ဇွန်၊ ဇူလိုင်) သုံးလပိတ်ထားခြင်းကို ဖြေလျှော့ကာ လုပ်ငန်းအမျိုးအစားအလိုက် ရေယာဉ်အစင်းရေ၏ ၅၀ ရာခိုင်နှုန်းကို ဇူလိုင် ၁၆ ရက်မှစ၍ အဆိုပါဦးစီးဌာန စုပေါင်းစစ်ဆေးရေးစခန်းမှ ငါးဖမ်းလှေကြီးများ ကမ်းဝေး ငါးဖမ်းဆီးမှုကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2021

ယခုအခါတွင် ပြည်သူလူထုကြားတွင် အောက်ဆီဂျင်လိုအပ်မှုများ အထူးမြင့်မား နေရာ အောက်ဆီဂျင်ရနိုင်သောနေရာများတွင် ပြည်သူများ ကြိတ်ကြိတ်တိုးဝှေ့ ဝယ်ယူနေကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ် နေသဖြင့် ထိုလိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံများ၊ ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံ များတွင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2021

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်ကို အများပြည်သူ အလုပ် ပိတ်ရက်များအဖြစ် သတ်မှတ်လိုက်ရာ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက် တစ်စပ်တည်း အလုပ်ပိတ်ရက် ကိုးရက် ရရှိသွားသည်။ ထိုကိုးရက်သည် ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်ရာ ထိုရက်များအတွင်း အတတ်နိုင် ဆုံး အိမ်မှာနေကြရန် လွန်စွာအရေးကြီးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

(၁၆-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၀၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅,၄၉၇) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၉၅၇,၅၁၄)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၂၄,၂၃၆) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်၌ Video Conference ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် တာဝန်ထမ်းဆောင်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများအတွက် စေတနာရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းမှုကို လက်ခံ ရယူ၍ ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူများကို လက်ခံ ကုသပေးလျက်ရှိကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ကချင်ပြည်နယ် ဗန်းမော်မြို့သစ် နွယ်လန်းကျေးရွာ နွယ်လန်းတပ်နယ်၏ အနောက် မြောက်ဘက် မီတာ ၂၀၀၀ အကွာ လယ်ကွင်းအနီး၌ ဇူလိုင် ၁၅ ရက်က အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက် ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူ ဒါန်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ကိုဗစ်-၁၉ ရောဂါဓတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ အောက်ဆီ ဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံ များ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများသို့ လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့် ရမည့်သူများကို နေရာဒေသအလိုက်ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိ သည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ဖြစ်စေရန် အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ်အသီးသီးရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်အတူ Mask ၄၂၀၀ ခုကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

နိုင်ငံတော်မှ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုဘဝမြင့်မား တိုးတက် စေရေး အထောက်အကူပြုနိုင်ရန်အတွက် လျှပ်စစ်မီးလုံလောက်စွာရရှိစေရေး ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီတာခပေးသွင်းနိုင ်ရေးအတွက် နှိုးဆော်ဆောင်ရွက်ကောက်ခံလျက်ရှိရာ အကြမ်းဖက်အစွန်းရောက်သမားများ အနေဖြင့် နိုင်ငံတော်မှ အခွန်အခများ မရရှိနိုင်စေရေး အတွက် လျှပ်စစ်ရုံးများနှင့် မီတာခ ငွေပေးဆောင်သည့် တာဝန်သိ ပြည်သူများအား ရည်ရွယ် ချက်ရှိရှိဖြင့် ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုများ လတ်တလော ကာလတွင် ပိုမိုတိုး မြှင့်ဆောင်လုပ်ဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ဆူပူအကြမ်းဖက်မှုကို လိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူလူထုသွားလာ လှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ် ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်း စာနာထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ပြန်လည်ဖြစ်ပွားလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၇၄ မြို့နယ်ကို stay at Home အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဆက်သွယ် မေးမြန်းထား သည်များကို ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

(ယမန်နေ့မှအဆက်) One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က လက်ရှိနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်နေပြီး ရန်ကုန်နှင့် ဒေသအချို့၌ ပစ်ခတ် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ နေ့စဉ်နှင့် အမျှဖြစ်နေပါကြောင်း၊ အသက်အိုးအိမ်မလုံခြုံမှုများ အပြင် ကူးစက်မှုမြန်ဆန်ပြင်းထန်သည့် covid-19 ရောဂါတတိယလှိုင်းတွင် လူသေဆုံးမှုများ မြင့်တက် နေသည့်အတွက် စီးပွားရေးထိခိုက်မှုများ၊ စက်ရုံ အလုပ်ရုံများ ပိတ်သိမ်းနေမှုများ တွေ့ရ ကြောင်း၊ ယင်းအခြေအနေမျိုးတွင် နိုင်ငံရေးဖြစ်စဉ်များထက် ပြည်သူများအသက် ဆုံးရှုံးမှုများက လက်တွေ့ဆန်နေ သည့်အတွက် ရောဂါကပ်ဆိုးနှိမ်နှင်းရေးကို ပထမဦးဆုံး လုပ်ဆောင်ရမည့်အချိန်ဖြစ်သည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။ ။

ဆက်လက်ဖတ်ရှုရန်