Skip to main content

Oct 13, 2021

အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation OrganizationICAO)က ကြီးမှူးကျင်းပသည့် High Level Conference on CoVID-19 (HLCC 2021) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် ကနေဒါ နိုင်ငံ မွန်ထရီရယ်မြို့၌ Video Conference ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

(၁၄) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့ အစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှ စ၍ ကျဆုံးသည့် အချိန်အထိတိုင် ကလေးဘဝ၊ မူလတန်း၊ အလယ် တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေး သမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေထားပြီး လည်းဖြစ်ပါ သည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ဖော်ပြလိုသော အဓိကအကြောင်းအရာ ကို ဇောင်းပေး၍ ရေးသားပြုစုထုတ်ဝေကြဦးမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

၂၀၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးကို ၂၀၂၁ ခုနှစ်အောက်တိုဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များ၊ TV, FM Broadcaster များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ် အမှတ်(၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်း (မြ၀တီ) (MWD Media Centre) တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်း များနှင့်အညီ ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုသွားရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အချိန်ကာလရှည်ကြာစွာ ခံစားနေကြရ သော်လည်း အဆိုပါရောဂါစိန်ခေါ်မှုကို ကြံ့ကြံ့ခံတွန်းလှန်ရင်း မိမိတို့၏လူမှုစီးပွားရေးဘဝများ ပုံမှန်လည်ပတ်နိုင်အောင် စည်းကမ်းများကိုလိုက်နာရင်း၊ ရောဂါကိုသတိမူရင်းလှုပ်ရှား ဆောင်ရွက် နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

ဒီမိုကရေစီနိုင်ငံတစ်ခု၏ နိုင်ငံသားပီသစေရေးတွင် အရေးကြီးဆုံး အဖြစ် ပြည့်စုံစေအပ်သည့် အင်္ဂါရပ်မှာ အသိဉာဏ်ဖြစ်သည်ဟု ဒီမို ကရေစီနီတိတို့ကဆိုသည်။ နိုင်ငံသားတိုင်း အသိဉာဏ်နှင့် ပြည့်စုံ စေရန်အတွက် အခြေခံပညာနှင့် အတွေ့အကြုံ၊ ဗဟုသုတတို့ လိုအပ် သည်။ သို့မှသာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာတာဝန်ကို ဝင်ရောက်ထမ်းဆောင်နိုင်မည်။ ကောင်းကျိုး၊ ဆိုးပြစ်တို့ကို ဝေဖန် ပိုင်းခြားနိုင်ကြမည်ဖြစ်သည်။ ထို့အပြင် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးချယ်ရာတွင်လည်း အပြောသမားတို့၏ လေလျဉ်ကြောတွင် မျောကာ ရွေးချယ်မှုမှားယွင်းခြင်းမျိုးကို ရှောင်ရှားနိုင်ပြီး ပြည်သူ့အကျိုးကို မှန်မှန်ကန်ကန်သယ်ပိုးနိုင်မည့် ကိုယ်စားလှယ် မျိုးကို သေချာစွာ စိစစ်ရွေးချယ်နိုင်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2021

အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သော “ITU Digital World 2021” အစီအစဉ်များအတွင်း ယနေ့တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပါဝင်တက်ရောက် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၂-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊အမျိုးသားစီမံကိန်းနှင့်အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ၁နာရီတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း (၂) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခု မှ ယာဉ်စီးရေ (၇) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၁၃၇) ခု၊ Oxygen Plant (၂) ခု၊ ဆေးရုံးသုံးအောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator) (၁) ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၁၁) ခု၊ လက်အိတ် (၇) တန်နှင့် နှာခေါင်းစည်း (Mask) (၁၄) တန် တင်သွင်းခဲ့ပြီး Oxygen Plant (၂) ခု မှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်သည်နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်ဗိုလ်မှူးကြီးမင်းနောင်၊ရဲမှူးကြီးကိုကိုလွင်၊ဦးကျော်သိန်းဆိုင်တို့နှင့်အတူ ယနေ့နံက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၊ ဇမ္ဗသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်းဆေးထိုးစုရပ်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်း ကျောင်း ဆေးထိုးစုရပ်နှင့် လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တို့တွင် အသက် ၁၂နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး နှင့်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်တွင် ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိ စေရန်အတွက် နိုင်ငံတော်အစိုးရက ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးဆောင်ရွက်ခဲ့ရာယနေ့တွင်ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိအသက်၁၂နှစ်နှင့်အထက်အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းသား၊ကျောင်းသူများအားကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinovac) ကို စတင်ထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အခြေစိုက် ဖြစ်ကြသော အမျိုးသမီးပါတီ (မွန်) ကို ၃.၁၀.၂၀၂၁ ရက်နေ့မှ ၆.၁၀.၂၀၂၁ ရက် နေ့အထိ လည်းကောင်း၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီကို ၃.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ မွန်ညီညွတ်ရေးပါတီ ( Mon Unity Party ) ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့ အထိလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ဖြစ်ကြသော လမ်းပြကြယ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား မဟာမိတ်ပါတီ [Alliance of Myanmar’s Worker and Farmer Party (A.M.W.F.P)] တို့ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ဖြစ်ကြသော အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ ဒီမိုက ရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဒီမိုကရေစီ ပါတီတို့ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိလည်းကောင်း၊ရှမ်းပြည်နယ်အခြေစိုက်ဖြစ်သောရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ၄.၁၀.၂၀၂၁ ရက်နေ့ မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအခြေစိုက်ဖြစ်သော မြန်မာနိုင်ငံ တောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါတီကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၆.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ ကရင်ပြည်နယ်အခြေစိုက်ဖြစ်ကြသော ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ( Karen National Democratic Party ) တို့ကို ၅.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစီးအဝေး ခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်၌ ၁၂ နှစ်ပြည့်ပြီး အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများကာကွယ်ဆေးထိုးရန် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား /ကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌

ဆက်လက်ဖတ်ရှုရန်