Skip to main content

Oct 27, 2020

(၂၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၇၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၆၆)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2020

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် လုယက်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2020

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ)၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2020

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရန် မှာယူထားသည့် Embraer E 190-100 LR XY-ALO လေယာဉ်အသစ်သည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါ လေယာဉ်သစ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ တာဝန်ရှိသူများက Water-salute အခမ်း အနားပြုလုပ်၍ ကြိုဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2020

ယနေ့အချိန်အခါကို တိုင်းပြည်တွင် ကြုံတွေ့နေရသော ကူးစက်ရောဂါ ဘေးနှင့်ပတ်သက်၍ လမ်းဆုံလမ်းခွ ရောက်နေသည့်အချိန်အခါဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု ကာလမှာ တစ်နှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီး ထိုအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည့်အချိန်အခါနှင့် တိုက်ဆိုင်နေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2020

လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် လူ့ယဉ်ကျေးမှု သမိုင်းတွင် ပညာကဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အသီးသီး ထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်း ဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

(၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၄၀၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၂၆)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများက မြို့အ၀င် လူ၀င်/ လူထွက် စောင့်ကြပ် ကြည့်ရှုစစ်ဆေး မေးမြန်းခြင်းတို့ကို မြို့အ၀င် စုပေါင်း စစ်ဆေးရေးဂိတ်တွင် နေ့/ည ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန် မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် (၇) ကြိမ်မြောက် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီး ယား သမ္မတနိုင်ငံ အင်ချွန်းအပြည် ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန် လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီ ခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

ကုမုဒ

ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလတွင် ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝမှာ ဘာသာရပ်အသီးသီး သင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးတွေကို အထူးအမှတ်ရနေမိပါ တယ်။ ဆရာကြီး ဆရာမကြီး တွေအကြောင်း မရေးသားခင်မှာ မျက်မှောက်ခေတ် မျိုးဆက်သစ် လူငယ်တွေ ဗဟုသုတဖြစ်စေဖို့ ကျွန်တော် တို့ငယ်ဘဝ ပညာသင်ကြားခဲ့ရပုံကို အနည်းငယ်တင်ပြ လိုပါတယ်။

ငယ်ဘဝပညာရေးခရီးလမ်း

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

​​​​​​​ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲများ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသဖြင့် မဲဆန္ဒရှင်ပြည်သူအားလုံး သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် စည်းကမ်း များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပါ ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2020

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ကာကွယ်ကုသနိုင်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအဖို့ကြီးမားသည့် စိန်ခေါ်မှုဟု ဆိုရပါမည်။ ရောဂါပိုးကူးစက်ခံရသော လူနာ၊ ပိုးကူးစက်ခံရသူနှင့် တိုက်ရိုက်ထိတွေ့ထားသူ၊ ရောဂါပိုးရှိနိုင်သော သံသယလူနာ စသည့်အရေအတွက်နှင့် ထိုအရေအတွက်ကို ထားရှိ နိုင်မည့် ဆေးရုံများ၊ သီးခြားခွဲထားသည့် ကန့်သတ်ဌာနများ အရေ အတွက်က လုံလုံလောက်လောက် မျှမျှတတမဖြစ်သောကြောင့် နေရာ ဌာနကျပ်တည်းသည့်ပြဿနာက ယနေ့ရင်ဆိုင် နေရသော အကြီးဆုံး ပြဿနာတစ်ခု ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2020

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေ အနေများ အပတ်စဉ် တင်ပြ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2020

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ကူညီပံ့ပိုးနိုင်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြည်တွင်း လေကြောင်းခရီးစဉ် (ပထမအကြိမ်) အဖြစ် ရန်ကုန်-စစ်တွေခရီးစဉ်ကို ယနေ့နံနက်ပိုင်းက စတင်ပြေးဆွဲသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2020

မြန်မာဝိုင်အမ်စီအေနှင့် ဟားခါး ဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ်များ နိုင်ငံသားဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများ ရရှိရန်အတွက် ပြည်သူ့နီတိသင်တန်းကို အောက်တိုဘာ ဒုတိယပတ်က (၅)ရက်ကြာမျှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၃ ရက်နေ့ ည၈ နာရီအထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၅၇၉၉၂၁ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၂၃၆၅ ဦးရှိသည်။ ယင်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၄၅၄ ဦးရှိပြီး သေဆုံးသူ ၁၀၃၈ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2020

ရန်ကုန်မြို့၏ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုအခြေအနေ အနိမ့်အမြင့် အတက်အကျ ဇယားကို နိုင်ငံအဝန်းက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါသည်။ ရန်ကုန်က မြန်မာနိုင်ငံ၏ ဗဟိုချက်ကဲ့သို့ဖြစ်နေပြီး အရေးအကြောင်းကြီးငယ်ပေါ်လျှင် အဓိကကျသော ကျန်းမာရေး အစောင့်အရှောက်ကလည်း အခြားဒေသတို့နှင့် နှိုင်းစာလျှင် ပို၍ စုံစုံလင်လင်ရှိ၏။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြန်မာစာအုပ်စင်တာ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန့်သော်ကောင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီယာသမားများနှင့် စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2020

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ အမြင်ချင်းဖလှယ် ညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်