Skip to main content

Oct 16, 2020

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၄၄၃)ဦးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၁၆၄၀)တို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများအဆင့် (Senior Officials’ Meeting) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက် ပါဝင် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း

=============================

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

အောက်တိုဘာ ၁၅ ရက်မှအဆက်

ဒေါ်ခင်ယုမေ ။ ။ ‘မြွေမြွေချင်းခြေမြင်’က မထွက်ဘူး ထင်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အစ်မ ထွက်တယ် နောက်ဆုံးကား ထွက်တယ်။ နောက်ကျတော့ အစ်မ (၁၉၇၃) ရောက်တဲ့အခါကျတော့ အစ်မက ‘တိမ်ဦး လေပြေ မောင့်ကိုစေ ’ နော် ကိုဝင်းဦးနဲ့။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

အထွေထွေရွေးကောက်ပွဲတွင် COVID- 19 ရောဂါ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့် အညီ ဆောင်ရွက်နိုင်ရေးနှင့် လူနာများနှင့် COVID- 19 ကုသရေး ဌာနများနှင့် ဆေးရုံများတွင် တာဝန်ကျနေသောကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ  ဆန္ဒမဲပေးနိုင်ရေး အတွက်    ကြိုတင်ပြင်ဆင်ထားရှိမှုများ     သေချာစေရေး ဆွေးနွေးပွဲကို   ယနေ့မွန်းလွဲပိုင်းတွင်  Video Conferencing   စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန   (International   Center for Integrated Mountain Development -   ICIMOD) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဟိန္ဒူကပ်ရှ်  ဟိမဝန္တာဒေသတွင်းဝန်ကြီးများ၏  တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်း အဝေး- ၂၀၂၀ ခုနှစ် (Hindu Kush Himalaya Ministerial Mountain Summit 2020)ကို ယနေ့နံနက်ပိုင်းက Video Conferencing ဖြင့် ကျင်းပသည်။ 

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြင်သစ်နိုင်ငံမှ  ကိုဗစ် - ၁၉ ရောဂါ ကုသရေးတွင် အသုံးပြုရန်အတွက် ဆေးပစ္စည်းကိရိယာများ  ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း  အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။  

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ဘဝမှာ ဘာအရေးကြီးဆုံးလဲဟူသည့် မေးခွန်းသည် ဘဝ၏ ဦးစား ပေးအစီအစဉ်ကို မေးမြန်းခြင်းဖြစ်သည်။ သို့သော် လက်တွေ့ဘဝ ကား အခြေအနေအမျိုးမျိုးတွင် အဖြေအမျိုးမျိုး ရှိနိုင်သည်။ ယုံကြည်ချက်ကို စူးစူးစိုက်စိုက်ထားကာ အားထုတ်နေသည့် တိဟိတ် ပုဂ္ဂိုလ်မျိုးကလွဲလျှင် သည်အဖြေကို ယတိပြတ်ပြောဖို့ ခက်မည်။ စားဝတ်နေရေးသည်လည်းကောင်း၊ အသက်ရှင်သန်မှုသည် လည်းကောင်း အရေးကြီးသည်ဟု ဆိုကြမည်။ အသက်ထက် အရှက်ကအရေးကြီးသည်၊ အသက်ထက် ဂုဏ်သိက္ခာက အရေးပို ကြီးသည် စသည်ဖြင့် အခြားအခြားသော အဖြေများလည်း ရှိနိုင် သည်။ ချမ်းသာကြွယ်ဝရေး လောကီသုခသည် အရေးကြီးသည် ဟူသည့် အဖြေလည်းရှိမည်။ ယုံကြည်ချက်ပေါ်တွင် မသွေမဖည် ရပ်တည်နေသူအဖို့ သေချင်သေသွားပါစေ၊ ယုံကြည်ချက်ကိုဖြင့် သစ္စာမဖောက်ဟူသည့် ယုံကြည်ချက်သာ အရေးကြီးသည် ဟူသည့် အဖြေမျိုးလည်း ရှိနိုင်၏။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

၁။ မလေးရှားနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကြောင့် အခက်အခဲကြုံတွေ့နေကြသော အထောက်အထားမဲ့၊ တရားမဝင်မြန်မာနိုင်ငံသား(၉၈)ဦးနှင့် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား (၄၀) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၁၃၈)ဦးတို့အား ၁၅-၁၀-၂၀၂၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) အထူး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယင်းနေ့ မွန်းလွဲ (၃) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ (ASEAN-UNICEF Conference on Digital Transformation of the Education System throughout ASEAN) ကို ယနေ့နံနက် ၈ နာရီတွင်   Zoom Webinar စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၃၈၂) ဦး နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၁၀၅၄) ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund - IMF)၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာန၏ High-level Meeting on the Regional Economic Outlook ကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

ချင်းပြည်နယ် မင်းတပ်ခရိုင်ရှိ ဒေသခံပြည်သူများ လူမှု၊ စီးပွား၊ ဘဝဖွံ့ဖြိုးတိုးတက် စေရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့်လမ်းများ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ဟားခါး)မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဗုဒ္ဓသာသနာ့ဆေးရုံးနှင့် ဆောက်လုပ်ပြီး အဆောက်အအုံသစ် (၂) လုံးအား ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသည့် သံဃာတော်များ ဆေးကုသမှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအား ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပါမောက္ခချုပ်ဒေါက်တာ ဇော်ဝေစိုးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များနှင့် လိုအပ်ချက်ရှိသည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ဆေးရုံကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ICU, HDU ကုသဆောင်များအဖြစ် ယနေ့တွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2020

အမျိုးသားစာပေဆုရှင် စာရေးဆရာ၊ သတင်းစာဆရာ တက္ကသိုလ်စိန်တင်သည် အောက်တိုဘာ ၁၃ ရက်ညနေတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်